လျှပ်စစ်မီတာခများတိုးမြှင့် ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မန္တလေးမြို့ပိုက်ကျုံးရပ်၂၆ ဘီလမ်း၌ ယမန်နေ့ ညနေပိုင်း က လူသုံးဦး ဆန္ဒပြခဲ့ကြသည်။ တရားဝင်ဆန္ဒပြခွင့် တောင်းခံသော်လည်း ခွင့်ပြုချက်မရကြောင်း ဦးဆောင်သူတဦးက ပြောသည်။ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ လျှပ်စစ် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံ တဝန်းသို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် ကျပ် ဘီလီယံ ၂၈၀ ကျော် လိုငွေပြနေကြောင်း၊ ထို့ကြောင့် ဧပြီ ၁ ရက်မှ စတင်၍ မီတာခများကို တိုးကောက်မည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးက တင်ပြထားသည်။ မီတာခနှုန်းများကို အိမ်သုံး တယူ နစ် မှ ယူနစ် ၁၀၀ အထိကို ၃၅ ကျပ်နှုန်း၊ ၁၀၁ မှ ၂၀၀ အထိကို ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက်ကို ၅၀ ကျပ်၊ စီးပွားရေး လုပ်ငန်းများအတွက် ၁ ယူနစ်မှ ၅၀၀ အထိ ကို ၇၅ ကျပ်နှုန်း စသည်ဖြင့် သတ်မှတ်၍ တိုးမြှင့် ကောက်ခံမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။