ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ တချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း ဒေသများမှာ ကချင်ပြည်နယ် လွယ်ဂျယ် မြို့နယ်ခွဲ ပန်ခမ်းကျေးရွာ၊ မန်စီမြို့နယ် မန်ဝိန်းကြီး ဒေသ ကျေးရွာအုပ်စု ၆ အုပ်စုနှင့် အင်ဘာပါကျေးရွာ အုပ်စု ၇ အုပ်စုမှ ကျေးရွာပေါင်း ၆၆ ရွာ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ်ရှိ တောင်ပေါ် ကချင်ရွာ ၇ ရွာ ဖြစ်သည့် မန်ကျော့ကျေးရွာ အုပ်စု၊ လွယ်ယာ၊ မိုင်းနင်း၊ မန်ယွင်း၊ မန်ကာ၊ ဟင်ခုတ်၊ နားခါးလုံ ကျေးရွာ၊ မိုင်းလုံမြို့နယ်ခွဲ လွယ်ဆာ ကျေးရွာ အုပ်စု နားလော့ရွာနှင့် မန်မော်အုပ်စုတို့ ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ကောက်ယူသည့် ပြည် လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မတ် ၃၀ မှ ဧပြီ ၁၀ ရက်နေ့ အထိ ၁၂ ရက်ကြာ ကောက်ယူ လျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။