ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုးအမည် မထည့်ရန် အစိုးရ၏ ညွှန်ကြားချက်သည် နိုင်ငံ တကာ စံနှုန်းစံထားများနှင့် ကွဲလွဲနေပြီး သဘေတူညီချက်များနှင့် သွေဖီနေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဝေဖန်လိုက်သည်။ ရိုဟင်ဂျာ မွတ်စလင်များကို လက်ခံစာရင်း ကောက်ယူပါက သပိတ်မှောက်မည် ဖြစ်ကြောင်း လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး တင်းမာမှုများ ကြီးထွားလာပြီး သန်းခေါင်စာရင်း ကောက်ခံမှုကို အများယုံကြည် လက်ခံမှု ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် UNFPA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တနိုင်ငံ လုံး အတိုင်းအတာနှင့် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်း ကောက်ခံမှုကို UNFPA ၏ ငွေကြေးနှင့် နည်းပညာ အကူအညီများဖြင့် ဖော်ဆောင်နေခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။