အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့တွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲကို မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်ကြောင်း ဗီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။ အမေရိကန် အစိုး ရ ၏ ဖိတ်ကြားချက်အရ တက်ရောက်ခြင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီး အနေဖြင့် နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး အကြိမ် အမေရိကန်တွင် ကျင်းပသည့် လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိ ကန် အစိုးရ၏ ဖိတ်ကြားမှု အရ ၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်သို့ ရောက်ရှိခဲ့ပြီး နောက် ၄၈ နှစ်အကြာတွင် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ရောက်ရှိခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။