ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်တွင် လူမှုအကူအညီပေးရေး လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ လုံခြုံရေး အတွက် အကာအကွယ်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ဖုန်းဆက် တိုက်တွန်းခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။ မတ် ၃၁ ရက်နေ့ မနက်ပိုင်းက ဖုန်းဆက် ဆွေးနွေးမှုများျနှင့် ပတ်သက်ပြီး အစိုးရကလည်း မတ်လ ၂၆ နှင့် ၂၇ ရက်များက စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး တရား ဥပဒေစိုးမိုးမှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း၊ ယင်း ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးစေလျက်ရှိကြောင်း၊ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတဝန်း သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံတကာမှ လေ့လာသူ ၂၀ ကို လက် ခံထားကြောင်း၊ နိုင်ငံခြားရေး မူဝါဒနှင့် အညီ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။