သတင်းတို

ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆု လက်ခံယူမည်

This article has been converted from Zawgyi One to Unicode

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ Willy Brandt ဆု လက်ခံရယူမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်း တရပ်အရ သိရသည်။ ၎င်းသည် လာမည့် သီတင်းပတ် အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျာမန်သမ္မတ Joachim Gauck နှင့် ဘာလင်၌ တွေ့ဆုံမည် ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဂျာမန် ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ဆုမှာ နိုင်ငံတကာ ပြည်သူများကြား အပြန်အလှန်နားလည်မှု ဖော်ဆောင်ပေးသူများအား ချီးြှမှင့် ပေးအပ်ခြင်း ဖြစ်သည်။

Loading