စစ်တပ်ပိုင်မြေအား ကျူးကျော်နေထိုင်ကြသည်ဟု ဆိုကာ ဖယ်ရှားခံထားရသည့် သမီးကလေးကျေးရွာ ဒေသခံများသည် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါ်ဆောင်ရာ နောက်သို့ ယနေ့ နံနက်ပိုင်းက လိုက်သွားကြရာ ကရင်ပြည်နယ် အစိုးရအဖွဲ့က လမ်းတွင် တားဆီးထားကြောင်း သိရသည်။ သမီးကလေးရွာခံ ၂၀၀ ဝန်းကျင်အား DKBA အဖွဲ့က မော်တော်ကား ၁၅ စီးဖြင့် ခေါ်ဆောင်လာရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်တွင် တားဆီးခံထားရ၍ ရှေ့ဆက် မသွားနိုင်ကြောင်း၊ ထိုအဖွဲ့အား DKBA မှ ဗိုလ်မှူး စန်းအောင်က ဦးဆောင်၍ ခေါ် ဆောင်လာကြောင်း၊ ယခုအခါ ကရင်ပြည်နယ် အစိုးရ နှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။