သတင်းတို

အပစ်ရပ် မူကြမ်းညှိနှိုင်းရေး “ဝ” နှင့် မိုင်းလား အဖွဲ့ ပါဝင်လာ

This article has been converted from Zawgyi One to Unicode

ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ ၀ နှင့် မိုင်းလား အဖွဲ့များလည်း ပထမဆုံး အကြိမ်ပါဝင် တက်ရောက်ကြမည် ဖြစ်ကြောင်း ဗီအိုအေ သတင်းတွင် ဖော်ပြထားသည်။ တိုင်းရင်းသား အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ ကိုယ်စားလှယ် ၃ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော် ကိုယ်စားလှယ် ၃ ဦးတက်ရောက်မည် ဖြစ်ကြောင်း၊ ယင်း ဆွေးနွေးပွဲမှ စာချုပ်မူကြမ်း အတည်ပြု ရေးဆွဲနိုင်ပါက တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဘားအံမြို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးပြီး အတည်ပြုမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လက ကျင်းပသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ရေး ဆွဲရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး အာမခံချက်များနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ စသည့် ခေါင်းစဉ်များ ပါဝင်သည့် စာချုပ်မူကြမ်းကို နှစ်ဘက် သဘောတူညီခဲ့ကြောင်း သိရသည်။

Loading