ရခိုင်ဒေသ၌ အကူအညီပေးရေး အစီအစဉ်များ ထိခိုက်မှုရှိနေဟု ကုလသမဂ္ဂ ထုတ်ပြန်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် အတွင်း ကုလသမဂ္ဂနှင့် NGO များကို တိုက်ခိုက်မှုများကြောင့် လူမှုအသိုင်းအဝိုင်း အတွက် အကူအညီပေးရေး အစီအစဉ်များကို များစွာထိခိုက်စေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးရုံး(UNOCHA)က ယမန်နေ့က ကြေညာချက် ထုတ်ပြန်သည်။ စစ်တွေ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကူအညီ ပေးရေးရုံး အဆောက်အအုံ တဒါဇင်ကျော် ပျက်စီးခဲ့ရပြီး ဝန်ထမ်း ၁၇၀ ကျော်ကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်း ပေးထားရသဖြင့် အကူအညီပေးရေး အခက် အခဲ ဖြစ်နေရကြောင်း၊ ဒုက္ခသည်စခန်းများမှ ကလေးငယ် ၁ သောင်းခွဲ အတွက် အထောက်အပံ့များ ရပ်ဆိုင်းသွားခဲ့သလို၊ အာဟာ ရ ချို့တဲ့မှု ခံစားနေရတဲ့ စစ်တွေမြို့မှ ကလေးငယ် ၃၀၀ ခန့်အား အကူအညီ မပေးနိုင်ဘဲ ဖြစ်နေရကြောင်း သိရသည်။ အမေရိကန် အစိုးရကလည်း လူမှုအကူအညီပေးရေး လုပ်ငန်းများ ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရေးနှင့် လိုအပ်သည့် အကာအကွယ်ပေးမှုများ စီစဉ်ပေးရန် မြန်မာ အစိုးရအား တိုက်တွန်းလိုက်ကြောင်း AP သတင်းတရပ်တွင်လည်း ဖော်ပြထားသည်။