မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့သည် သဘာ၀ ဘေး အန္တရာယ် ကာကွယ်ရေး ဒေသတွင်း နိုင်ငံများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ဗီအိုအေ သတင်းတွင် ပါရှိသည်။ အမေရိကန်၏ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒသစ်အရ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးတို့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူတွင် တွေ့ဆုံခြင်း ဖြစ်ပြီး ဆူနာမီ၊ တိုင်ဖုန်း သတိပေးချက်၊ ပင်လယ် ရေ အတက်အကျ စောင့်ကြည့်ရေး စသည့် သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အာဆီယံ ကာကွယ်ရေး ဝန်ကြီး များ သွားရောက် လေ့လာခဲ့ကြောင်း၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Hagel သည် ဆွေးနွေးပွဲအပြီး တရုတ်နှင့် ဂျပန်နိုင်ငံ အပါအဝင် အာရှ ပစိဖိတ်ဒေသ နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။