ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ရုရှားမြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင် ရုရှားဘက်မှ ဥက္ကဋ္ဌ Mr. Alexander FOMIN နှင့် ယမန်နေ့က တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် ၂ ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေးနှင့် စစ်ဘက် နည်းပညာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စများ ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။