သတင်းတို

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တလ ကျပ် ၂၅၀၀ သတ်မှတ်ချက် ဖျက်သိမ်း

This article has been converted from Zawgyi One to Unicode

တန်ဖိုးနည်းဖုန်း ရောင်းချမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခင်ဖုန်းခေါ်ဆိုခ တလ အနည်းဆုံး ကျပ် ၂၅၀၀ သတ်မှတ်ထားခြင်း ကို ဧပြီလဆန်းပိုင်းမှ စ၍ လုံး၀ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၃ ခုနှစ် ဧပြီ လဆန်းပိုင်းမှစ၍ တန်ဖိုးနည်း ဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် တနိုင်ငံလုံးသို့ လစဉ် ဆင်း ကတ် ၃၅၀၀၀၀ ရောင်းချခဲ့ကြောင်း၊ ယခုအခါ မိုဘိုင်းဖုန်း ၈ ဒသမ ဝ၅ သန်း ကျော် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအနက် တန်ဖိုးနည်းဖုန်း စုစုပေါင်း ၄ ဒသမ ၂၅ သန်းပါဝင်ပြီး CDMA 800 MHz ၂၁၅ဝဝဝဝ၊ GSM ဖုန်း ၁၅၃၉၇ဝဝ နှင့် WCDMA မိုဘိုင်း ဖုန်း ၅၆ဝ၃ဝဝ တို့ကို ရောင်းချ ခဲ့ကြောင်း သိရသည်။

Loading