ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ အသက် (၈၈) နှစ်သည် ယမန်နေ့ည ၂နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင် ကွယ်လွန် သွားကြောင်း သတင်းရသည်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည) ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဦးထွန်းရီ၏ ရုပ်ကလာပ်ကို လာမည့် တနင်္ဂနွေနေ့တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သမီးဖြစ်သူ မဥမ္မာထွန်းက ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းတိုင်း မြင်းမူမြို့ဇာတိ ဦးထွန်းရီသည် ဂျပန်ခေတ် ဗမာ့ ကာကွယ်ရေး တပ်မတော်(BDA) တပ်သားအဖြစ်မှ မြန်မာ့ တပ်မတော် ၌ ဒု ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
၁၉၇၁ ခုနှစ် တဝိုက် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ)၏ ကြီးမားသော ထိုးစစ်ကြီးများဖြစ် သော လားရှိုး-မိုင်းရယ်- တန့်ယန်း၊ ကွမ်းလုံ စသည့် တိုက်ပွဲကြီးများကို ဦးစီးကာ ကြံြ့ကံ့ခံ တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာ့ တပ် မတော်တွင် နပိုလီယံဟု လူသိများခဲ့သူဖြစ်သည်။
ထိုအချိန်မှစတင်၍ တပ်မ ၇၇ တပ်မမှူး၊ အရှေ့ပိုင်းတိုင်းမှူး၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့်တာဝန် များကို ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၁၉၈၅ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး သေဆုံးချိန် အထိ တစည ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်သည်။