ထိုင်း အင်အားကြီး ပါတီ နှစ်ခုက မနက်ဖြန် စနေနေ့မှာ နှစ်ဖွဲ့စလုံး အင်အားသုံး ဆန္ဒ ထုတ်ဖော်ပွဲကို ဘန်ကောက်မြို့ပေါ်မှာ ပြုလုပ် ဖို့ ပြင်ဆင် နေကြတဲ့အတွက် မြန်မာ အလုပ်သမားတွေကို လူအင်အားရဖို့ စည်းရုံးတဲ့အခါ မပါဝင်ကြဖို့ အလုပ်သမား အရေး လှုပ်ရှားသူတွေက သတိပေး နေပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီကို ထောက်ခံတဲ့ (PAD) ရှပ်ဝါ အဖွဲ့တွေက အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူနေတဲ့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းကြမှာ ဖြစ်ပြီး ဖုယာ့ ထိုင်း ပါတီ (UDD) ရှပ်နီ အဖွဲ့တွေက ယင့်လတ် အစိုးရကို ထောက်ခံတဲ့ အနေနဲ့ သိန်းနဲ့ချီတဲ့ လူတွေကို စုစည်းပြီး အင်အားပြ ဆန္ဒထုတ် ဖော် ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ စနေ့နေ့ ဘန်ကောက် ဆန္ဒပြပွဲမှာ အစိုးရ ထောက်ခံတဲ့လူ ၂ သိန်းလောက် အရှေ့မြောက် ဘက် ခရိုင်တွေက ရောက်လာဖို့ရှိပြီး သူတို့တွေနဲ့ အတူ ဆန္ဒပြ ရှပ်နီတွေရဲ့ ကာကွယ်ရေးနဲ့ ကျန်းမာရေးအတွက် ခရိုင် တခု စီက လုံခြုံရေး ၃၀၀ ကနေ ၄၀၀ အထိ ကျန်းမာ ရေး လုပ်သွားမယ်လို့ ရှပ်နီ ခေါင်းဆောင်တွေက ပြောကြောင်း ဧပြီလ ၃ ရက်က Bangkok Post သတင်းမှာ ဖော်ပြ ထားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။