မုတ်သုံရာသီမကျရောက်မီ မိုးဦး၊ လေဦးကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များကို အထူးဂရုပြု ကြရန် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်သည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင် မုတ်သုံရာသီ မကျ ရောက်မီ မိုးဦး၊ လေဦး ကာလ အတွင်း နေ့အပူချိန်များ မြင့်တက် လာရာမှ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် ကြောင်း၊ ယင်း မိုးတိမ်တောင်များရွေ့လျားရာ နေရာတလျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်း တိုက်ခတ်စဉ် မြေပြင်၊ ရေပြင် လေသည် တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။