ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA “ဝ” အဖွဲ့မှ ဒုအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ၊ SSA (ဝမ်ဟိုင်း) အဖွဲ့ ဒု ဥက္ကဋ္ဌ ဦးခေးတိုင်းတို့နှင့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာတွင် ယမန်နေ့က တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူသည် မိဘဖြစ်သကဲ့သို့ တိုင်းရင်းသား အားလုံးသည်လည်း မိသားစုများပင်ဖြစ်၍ ပြည်သူကို ထိခိုက်နစ်နာမှုမရှိရန် လိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွှေလီရိပ်သာ ဧည့်ခန်းမ၌ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ပြည်သူ့စစ် အဖွဲ့ ၂၇ ဖွဲ့မှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။