မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့သော ပဋိပက္ခ လှုံ့ဆော် စကားများ ပျံ့နှံ့နေခြင်းကို လူ့အခွင့်အရေး အရ ခွင့်မပြုနိုင်ကြောင်း၊ သာမန် လူ ဖြစ်စေ၊ ဘသာသာရေး အသိုင်းအဝိုင်းမှ ဖြစ်စေ ထိုစကားများ ပြောဆိုခြင်းကို အစိုးရက ရပ်တန့်သွားရေးအတွက် တာဝန်ရှိကြောင်း မစ္စတာ ကင်တာနာက ပြောဆိုသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ၎င်း၏ ၆ နှစ်ကြာ ထမ်းဆောင်ခဲ့သည့် ရာထူး သက်တမ်း ကုန်ခါနီးတွင် မြန်မာ့အရေးနှင့် ပတ် သက်၍ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ မေတ္တာရှေ့ထားပြီး အသက် ပေါင်းများစွာကို အကာအကွယ်ပေးခဲ့သည့် ဆရာတော် သံဃာတော်ကြီးများနှင့် တွေ့ဆုံဖူးခဲ့ကြောင်း၊ ယင်းတို့သည် အများက ကြည်ညိုလေးစားခံရသည့် ဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြောင်း၊ အမုန်းစကား အမုန်းတရားများ ပြန့်ပွားရေး ဟောပြော နေသူများသည် အကြမ်းဖက်မှုကို ဖိတ်ခေါ်နေခြင်းနှင့် တူကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြသည်ဟု BBC သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။