အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ ဧပြီ ၉ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ၇ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်သည်။ ဂျာမနီ သမ္မတ၏ ဖိတ်ကြားချက် အရ ဂျာမနီသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း ဂျာမနီ အစိုးရ အရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ Willy Brandt ဆုကို လက်ခံ ယူမည် ဖြစ်ကြောင်း၊ မြန်မာ မိသားစုများနှင့် ဧပြီ ၁၃ရက်နေ့ မနက်ပိုင်းတွင် Freie University ၌ တွေ့ဆုံပြီး ဧပြီ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ပြင်သစ် သမ္မတ အပါအဝင် အစိုးရပိုင်း အကြီးအကဲများနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း၊ ပြင်သစ် စစ်တက္ကသိုလ်နှင့် ပြင်သစ်လွှတ်တော်များ သို့လည်း သွားရောက် လေ့လာပြီး ဧပြီ ၁၆ ရက်နေ့တွင် ၎င်း ၏ ခရီးစဉ်ကို အဆုံးသတ်ကာ ဧပြီ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း VOA သတင်း တရပ် တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။