Culture

သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လို့လည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သင်္ကြန်ကာလ နီးကပ်လာတာနဲ့ အမျှ လူငယ်တွေရဲ့ ရင်ခုန်သံက ပိုမြန်လာ ပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးတွေထဲမှာ မဏ္ဍပ်ထိုင် ရေကစားမှာလား၊ သင်္ကြန်ကားလေးနဲ့ ရေကစား ထွက်မလားဆိုတာ ဝေခွဲမရ ဖြစ်နေကြချိန် ဆိုရင်လည်း မမှားပါဘူး။

သင်္ကြန်ကားလေးနဲ့ ရေကစားထွက်ဖို့ စဉ်းစားနေကြတဲ့ လူငယ်တွေကတော့ သင်္ကြန်ကားဈေးနှုန်းတွေ စုံစမ်းနေ ကြပါပြီ။ နှစ်ပေါင်းများစွာ ဂျစ်ကားတွေနဲ့ သင်္ကြန်ကာလ ရေကစားထွက်တဲ့ ဓလေ့ ထွန်းကားခဲ့ပေမယ့် အစိုးရက ကားဟောင်းတွေ အပ်နှံပြီး ကားသစ်တင်သွင်းခွင့် ပေးပြီးတဲ့ နောက်ပိုင်းမှာ ကားဟောင်း စာရင်းဝင်တဲ့ ဂျစ်ကား တော်တော်များများ အပ်နှံလိုက်ကြ တာမို့ ဂျစ်ကားတော်တော်ကို နည်းသွားပါပြီ။ ရေပက်ခံထွက်ဖို့ ဂျစ်ကား ငှားမယ် ဆိုရင်တော့ ရှားရှားပါးပါးရှာပြီး ငှားရမယ့် အခြေအနေပါပဲ။

ရန်ကုန်မြို့မှာ သင်္ကြန်တွင်း လည်ပတ်လိုသူတွေ အတွက် ရေပက်ခံကား ငှားရမ်းတဲ့ ဝန်ဆောင်မှုတွေက ဧပြီလဆန်းပိုင်းမှာ ကတည်း က စတင်နေပြီ ဖြစ်ပါတယ်။

“ဒီနှစ် သင်္ကြန်အတွက် ကားငှားရမ်းမှုက နည်းနေသေးတယ်၊ ဈေး မေးတာလောက်ပဲ ရှိသေးတယ်၊ သင်္ကြန်ရောက်မှပဲ အငှား လိုက် လာမယ်လို့ ထင်တာပဲ၊ အရင်နှစ်တွေကလည်း ဒီလိုပဲ၊ အနားနီးမှ ငှားကြတယ်”လို့ သင်္ကြန်ကား အငှားလိုက်တဲ့ ကိုဇော်ဦးက ဆိုပါတယ်။

ဒီနှစ် သင်္ကြန်မှာ ရေပက်ခံ အလည်ထွက်ဖို့ စက်မှုဇုန် ဂျစ်ကား၊ လိုက်ထရပ်ကား၊ ဟိုင်းလပ် ကား၊ သိန်း ၅၀ ဝန်းကျင်ရှိတဲ့ ကုန်တင် ကား အသေးလေးတွေနဲ့ ပြည်တွင်း ဈေးကွက်ထဲဝင်လာတဲ့ ကုန်တင်ကားမျိုးစုံကို ငှားရမ်းလို့ ရနိုင်ပါတယ်။ ကားငှားရမ်းခ ဈေးနှုန်း တွေကတော့ အရင်နှစ်တွေလိုပဲ ဈေးနှုန်း အမြင့်ပိုင်းမှာ ရှိနေပါတယ်။

“ကားတွေ ကတော့ ဒီနှစ်မှာ လိုက်ထရပ်၊ ပစ်ကပ်နဲ့ ဟိုင်းလပ်တွေ အများဆုံး ဖြစ်မယ်၊ ကျနော့် ဆီမှာတောင် လိုက်ထရပ်ချည်းပဲ ၈ စီး၊ ဟိုင်းလပ်က ၂ စီးပါ၊ ဒီကြားထဲမှာ ကိုရီးယားနိုင်ငံထုတ် ကင်တာ လိုကားတွေလည်း ဝင်လာတော့ ဒီကားတွေနဲ့လည်း သင်္ကြန် လည်နိုင်ကြတယ်၊ ကားရဲ့ ကြံ့ခိုင်ရေးက ကောင်းတယ် မာတယ်၊ ဒါပေမယ့် ဈေးကတော့ များနိုင်တယ်”လို့ သင်္ကြန်ကား အငှားလိုက်မယ့် ကားပိုင်ရှင် တဦးက ဆိုပါတယ်။

သင်္ကြန်ကား အငှားဈေးကွက်မှာ လိုက်ထရပ်ကား တစီး တရက်ငှားရမ်းခ ကျပ် ၁၇၀ဝဝဝ ဝန်းကျင်၊ ဟိုင်းလပ်ကား တရက် ငှားရမ်းခ ၁၅၀ဝဝဝ ဝန်းကျင်၊ ပစ်ကပ်ကား တရက် ငှားရမ်းခ ၁၃၀ဝဝဝ ကျပ် ဝန်းကျင်၊ ဇုန်ဂျစ်ကား တရက် ငှားရမ်းခ ၁၃၀ဝဝဝ ဝန်းကျင်အထိ ဈေးပေါက်နေပါတယ်။

ကိုယ်တိုင် ကားမငှားဘဲ သူများ ငှားတဲ့ ကားမှာ ရေပက်ခံလိုက်မယ် ဆိုရင်တော့ တဦးချင်း တနေ့ ကျပ် ၈ ထောင်ကနေ ၁ သောင်း ဝန်းကျင် ပေးရပြီး ရေပက်ခံလိုက်လို့ ရမယ်လို့ သိရပါတယ်။

နှစ်စဉ် သင်္ကြန်ကာလ အတွင်း ကားနဲ့ ရေပက်ခံ ထွက်လေ့ရှိတဲ့ ရန်ကုန် လူငယ်တဦးက “ဒီနှစ်တော့ တရက်လောက်ပဲ လည်ဖြစ် မယ်လို့ ထင်တယ်၊ လူတွေတောင် မစုရသေးဘူး၊ အရင်နှစ်ကလည်း ဒီအတိုင်း ပါပဲ၊ အလျင်စလို စီစဉ်ရတာ များတယ်”လို့ ပြောပါတယ်။

ရေပက်ခံ ထွက်ဖို့ ကားငှားမယ် ဆိုရင်တော့ ကားရဲ့ ကြံ့ခိုင်မှုနဲ့ တင်ဆောင်နိုင်တဲ့ လူဦးရေ အရေအတွက်ကို ဂရုတစိုက် စစ်ဆေးဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

တောင်ဥက္ကလာပ မြို့နယ်က ကားဝပ်ရှော့လုပ်သား ကိုနိုင်ဝင်းက “သင်္ကြန်မှာ ယာဉ် မတော်တဆမှုက အဖြစ်များတယ်လေ၊ ဒါ့ကြောင့် ကိုယ့်ကားရဲ့ဘရိတ်၊ ဝိုင်ဘာ၊ တာယာက အစ ကားတစီးလုံးရဲ့ ကြံ့ခိုင်ရေးကို ဦးစားပေး အမြဲစစ်ဆေးသင့်ပါတယ်၊ ပြီးတော့ နောက်တချက်က သတ်မှတ်ထားတဲ့ လူဦးရေထက်ပိုတင်တာ အရမ်း အန္တရာယ်များပါတယ်၊ ဈေးညှိတုန်း ပြောတုန်းကတော့ တမျိုး ကားရောက်လာမှ သတ်မှတ်ထားတာ ထက်ကို လူပိုတင်လိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကားသမားတွေ အနေနဲ့ ဒါကို သတိ ထား သင့်တယ်”လို့ အကြံပြုပါတယ်။

ပြည်တွင်း ဈေးကွက် ဝင်ရောက်လာတဲ့ ကျပ် သိန်း ၅၀ ကျော်တန် ကုန်တင်ကား လေးတွေနဲ့ သင်္ကြန် ရေပက်ခံလည်ဖို့ စိတ်ဝင်စား တဲ့သူ များနေပေမယ့် အဲဒီကားတွေရဲ့ အောက်ပိုင်း ကြံ့ခိုင်မှုကို သတိထား စစ်ဆေးဖို့ ကားဝပ်ရှော့ စက်ပြင် ကျွမ်းကျင်သူတွေက ဆို ပါတယ်။

သင်္ကြန်ကားလေးနဲ့ ရေကစားထွက်လို့ လည်ဖို့ ဆိုရင်တော့ ကိုယ့်ရဲ့ ဘေးအန္တရာယ် ကင်းရှင်းဖို့ သောက်စား မူးယစ်တာတွေ ရှောင်ကြဉ်ဖို့နဲ့ မူးယစ်သောက်စားထားပြီး ကားမမောင်းဖို့က အရေးအကြီးဆုံးပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading