၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး (24th ASEAN Summit) ကို မေ ၁၀ နှင့် ၁၁ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထား သည်။ ယင်း အစည်းအဝေးသို့ တက်ရောက် သတင်းယူလိုသည့် ပြည်တွင်း ပြည်ပ သတင်းထောက်များ အနေဖြင့် ဧပြီ ၃၀ ရက်နေ့ မတိုင်မီ www.asean2014gov.mmm တွင် မှတ်ပုံတင်စာရင်း သွင်းရန် ဖြစ်ပြီး ဝင်ထွက်ခွင့် ကတ်များကို မေ ၉ ရက်နေ့တွင် ထုတ်ပေမည် ဖြစ်ကြောင်း၊ ဗီဇာကိစ္စနှင့် ပတ်သက်၍ ဖုန်း-၀၆၇-၄၁၂၂၂၇ နှင့် ၄၁၂၀၅၇ သို့ လည်းကောင်း၊ ပြည်တွင်း စာနယ်ဇင်း သမားများ ဝင်ထွက်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ဖုန်း-၀၇၆-၄၁၂၁၂၅ နှင့် ၄၁၂၁၂၆ သို့ လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။