ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ကော်မတီ (NCCT ) တို့၏ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး တခုတည်းသော သဘောတူညီ ချက် (Single Text) (ပထမမူကြမ်း) ကို သဘောတူညီကြောင်း သိရသည်။ နှစ်ဖက် ကိုယ်စားလှယ်များသည် တော်လှန်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် စသည့် စကားလုံး အသုံးအနှုန်း ကွဲလွဲချက်များ အတွက် မေလ ပထမအပတ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်း ရရှိရေး အတွက် ယခင် ဆွေးနွေးပွဲမှ အတည်ပြု ခဲ့သော ခေါင်းစဉ်နှင့် အခန်း ၇ ခန်းကို အသေး စိတ် ဆွေးနွေးပြီး မူကြမ်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဆွေးနွေးပွဲကို ဧပြီ ၅ မှ ၈ ရက်နေ့ အထိ ရန်ကုန်မြို့ အမှတ် ၁၀၊ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center ) ၌ ပြုလုပ်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။