နိုင်ငံခြား ချေးငွေများကို ပြည်သူများ လက်တွေ့ ခံစားနိုင်သော အသီးအပွင့်များ ဖြစ်စေရေး အကျိုးကျိုးရှိရှိ သုံးစွဲရန် ယမန်နေ့က သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် နိုင်ငံတကာမှ ပေးအပ်သည့် ငွေကြေး အကူအညီများတွင် အတိုးနှုန်း သက်သာသော ချေးငွေများ ဖြစ်သည့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (Official Development Assistance-ODA)၊ ကုန် သွယ်ရေး ဖွံ့ဖြိုးမှု အတွက် ချေးငွေ (Aid For Trade and Commercial Loan) များနှင့် မြို့ရွာကျေးလက်ဖွံ့ဖြိုးရေး ချေးငွေ (Community Development Loan) များလည်း ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။