သတင်းတို

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်သာ မဲဆွယ်စည်းရုံးခွင့်ရှိမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင်သာ မဲဆွယ်စည်းရုံးခွင့်ရှိမည် ဖြစ်ပြီး အခြားပုဂ္ဂိုလ်များက မဲဆွယ်စည်းရုံးခွင့် မပြုရန် ညွှန်ကြားချက် ထုတ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်နေ ကြောင်း သိရသည်။ ယင်း ကန့်သတ်ချက်သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုကို ကန့်သတ် သည့် သဘောဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ တခုတွင် ခေါင်းဆောင်သည် အဓိက ကျကြောင်း၊ ပါတီ မူဝါဒလမ်းစဉ် ကို ချပြရှင်းလင်း ရာတွင် ခေါင်းဆောင်က အရေးကြီးကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုများ ပြုလုပ်ခြင်း ဟု လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ်ကြောင်း VOA သတင်းတရပ်၌ ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD က လစ်လပ်မဲဆန္ဒ ၄၅ နေရာတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၄၄ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading