သင်္ကြန် သီချင်းခွေတွေ တနှစ်ထက် တနှစ် အထွက်နည်းလာရတဲ့ အကြောင်းရင်းက ရက်ပိုင်းလောက်ပဲ ဈေးကွက်တင်လို့ ရတာကြောင့် ဖြစ်ကြောင်း ဂီတဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
သင်္ကြန်အခွေ ဂီတဈေးကွက်နဲ့ပတ်သက်ပြီး Bo Bo Music Producton က ကိုဘိုစန်းက “သင်္ကြန် ဂီတဈေးကွက်နဲ့ ပတ်သက်ပြီး ဟြေရရင်တော့ မရောင်းရတာ များတယ်၊ ဘာလို့လဲဆိုတော့ သင်္ကြန်ခွေတွေက ရောင်းဖို့ အချိန် လိုတယ်၊ သင်္ကြန် ခွေတွေက သုံးလပိုင်း အကုန်လောက်မှာ ထွက်တာ များတယ်လေ၊ ရောင်းရတဲ့ နှုန်းကလည်း အချိန်က နှစ်ပတ်၊ သုံးပတ်လောက်ပဲ ရှိတော့ ရောင်းဖို့ အဆင် မပြေတော့ မရောင်းရတော့ဘူး၊ ပုံမှန် အခွေတွေ နဲ့ သင်္ကြန် အခွေတွေ ယှဉ်ရင်တော့ ပုံမှန် အခွေတွေက ပိုတာပေါ့၊ ပုံမှန်အခွေက ဘာပဲဟြေဟြေ ခြောက်လ လောက် ရောင်းလည်း ရတာပဲလေ၊ သင်္ကြန်အခွေကျတော့ သင်္ကြန်အချိန်လေးပဲ နားထောင်ကြတာ ဆိုတော့ သိပ် အဆင် မပြေဘူးပေါ့၊ ကျနော့်ဆီက ထုတ်တဲ့ “သင်္ကြန်မှာ ရင်တွေခုန်တာပေါ့” ဆိုတဲ့ အခွေ ဆိုရင် ပြန်ရောင်းရတာ လေးနှစ် ရှိပြီ၊ အဲဒီလိုအခွေတွေလည်းရှိပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အဲဒီလို ရက်ပိုင်းလောက်ပဲ ဈေးကွက် တင်နိုင်တာက သီချင်းခွေရဲ့ အရည်အသွေး ကြောင့်ရော မဖြစ်နိုင် ဘူးလား လို့ မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။
အရင်ကတော့ သင်္ကြန်လို့ ဆိုလိုက်ရင် ခေတ်အဆက်ဆက် သင်္ကြန်မင်းသားကြီးတွေ ရှိခဲ့ပြီးသူတို့ရဲ့ သီချင်းတွေ ကလည်းသင်္ကြန်ကာလ ပြီးသွားတာတောင် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့ မဆုံးနိုင်အောင် ပါပဲ။ ကွယ်လွန်သူ စွယ်စုံရအနုပညာရှင် ဝင်းဦး၊ ကွယ်လွန်သူသရုပ်ဆောင် ဇော်ဝမ်းတို့ဟာ သင်္ကြန်မင်းသားကြီးတွေ ဖြစ်ခဲ့ပါတယ်။
၁၉၈၄ နောက်ပိုင်းမှာတော့ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးတဲ့ သင်္ကြန်မိုး ဇာတ်ကား ထွက်ပေါ်လာခဲ့ပြီး ဇာတ်ဝင်သီချင်းခွေဟာ အခုတိုင် ခေတ်စားဆဲပါ။ သင်္ကြန်မိုး ဇာတ်ဝင်သီချင်းခွေကို မီတဲ့ တခြား သင်္ကြန်ခွေ မရှိဘူးလို့ ယူဆရပါတယ်။ ၁၉၉၀ ဝန်းကျင်လောက်မှာ ရော့ခ်ဂီတ တခေတ်ဆန်းချိန် အင်ပါယာတေးဂီတနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဖြူနီဝါပြာ တေးစီးရီးဟာ ပေါက်တဲ့ သင်္ကြန် သီချင်းခွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာလည်း သင်္ကြန်အချိန်ဆို နှစ်စဉ် သီချင်းခွေတွေကို တေးထုတ်လုပ်သူတွေက အဆိုတော် ပေါင်းစုံနဲ့ ထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ပြန်ဆိုတေးတွေ ခေတ်စားတဲ့ ကာလဖြစ်တဲ့ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင် ကာလတွေမှာ သင်္ကြန်မိုး တေးစီးရီးထဲက သီချင်းတွေရော၊ တခြားသင်္ကြန် သီချင်းဟောင်းတွေကိုပါ စည်သူလွင်၊ ရင်ဂို၊ ဂရေဟမ် စတဲ့ အဆိုတော်တွေနဲ့ စီးရီးတွေ ထုတ်ခဲ့ကြတာ အောင်မြင်မှု ရခဲ့ပါတယ်။
ဟစ်ပ်ဟော့ပ်တွေ ခေတ်စားချိန်မှာ ဟစ်ပ်ဟော့ပ် သင်္ကြန်သီချင်းတွေ ထွက်လာသလို သားစိုးရဲ့ ရီမစ်စ် သင်္ကြန် သီချင်းတွေလည်း ပေါက်တယ် ပြောရမှာပါ။
၂၀၁၀ မတိုင်ခင်လောက်မှာလည်း အဆိုတော် နေရဲမာန်က သုံးလေးနှစ် ဆက်တိုက် သင်္ကြန်စီးရီးတွေ ထုတ်ဝေ ဖြန့်ချိခဲ့ပါ သေး တယ်။ ဒါပေမယ့် ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာတော့ နေရဲမာန်လည်း သင်္ကြန်စီးရီးတွေ မထွက်တော့ ပါဘူး။
“ကျနော် ဒီနှစ် သင်္ကြန်ခွေမထွက် ဖြစ်တာက နေပြည်တော်မှာ ဟိုတယ်တခုဆောက်တဲ့ အလုပ်တွေနဲ့ ရှုပ်နေလို့ ပါ၊ ဒီနှစ်မှ မထွက်တာ မဟုတ်ပါဘူး၊ မနှစ်ကလည်းကျနော် သင်္ကြန်ခွေ မထွက်ခဲ့ပါဘူး”လို့ နေရဲမာန်က ဟြေပါတယ်။
ဒီနောက်ပိုင်း မှာတော့ ဈေးကွက် အနေအထားကြောင့် သင်္ကြန် သီချင်းတွေ အထွက်နည်းလာ ရာမှာ ဒီနှစ်ဆိုရင် မရှိသလောက် အလွန်နည်းပါးတဲ့ နှစ်လို့ ပြောရမှာပါ။
“ကျနော့် အမြင် ဟြေရင်တော့ ကျနော်က သင်္ကြန် ခွေထုတ်ပါတယ်၊ ဒါပေမယ့် လူတွေက ခေတ်တွေ ဟြေင်းလာပေမယ့် အရင် သီချင်းတွေကိုပဲ နားထောင် ချင်ကြတာပါ၊ များသောအားဖြင့် ဟြေရရင်တော့ သင်္ကြန်အခွေတွေက ရှုံးတာများ ပါတယ်။ စီးပွားရေး အရ လုပ်ရင် သင်္ကြန် အခွေတွေက မကိုက်ပါဘူး၊ တတ်နိုင် သလောက် အကုန်အကျခံပြီး လုပ်ထားတဲ့ အတွက် နားထောင် ပေးစေချင်ပါတယ်” လို့ တေး ထုတ်လုပ်ရေး လုပ်ကိုင်သူ ကိုဘိုဘိုစန်းက ပြောပါတယ်။
အဆိုတော် နေရဲမာန်ကတော့ သင်္ကြန်အခွေတွေ မထွက်ဖြစ်ကြတာ ကုန်ကျသလောက် ပြန်မရလို့ ဖြစ်ကြောင်း သုံးသပ်ပါတယ်။
“သင်္ကြန်ခွေတွေ သိပ်မထွက်ကြတော့တာက သီချင်းခွေလုပ်ရင်တော့ ကုန်မှာပဲလေ။ ကုန်ပြီးရင် ကုန်သလောက်လည်း ပြန်ရဖို့ သိပ်မလွယ်ဘူး။ အခွေဈေးကွက်တွေက အခု အဲဒီလို ဖြစ်နေကြတာကိုး။ အဲဒါကြောင့် သိပ် မထွက်တော့တာလို့ ကျနော် ထင်ပါတယ်” ဆိုပြီး နေရဲမာန်က ဆက်ပြောပါတယ်။
သင်္ကြန်သီချင်းတွေ ကောင်း မကောင်းဆိုတာက ပရိသတ်တွေဘက်က သေသေချာချာ နားထောင်မှသာ ဆုံးဖြတ်နိုင်မယ် လို့ သူက ဆိုပါတယ်။
“ပရိသတ် နားထောင်ဖြစ်ဖို့က အဓိက လိုတာပေါ့၊ နားထောင် ဖြစ်မှလည်း ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဆုံးဖြတ်လို့ ရမှာလေ၊ သီချင်းကို အားထည့်ပြီး ကြိုးစားထားမှု ဆိုတာကို နားထောင်ကြည့်မှ သီချင်းကောင်း မကောင်းသိမှာပါ၊ အခုခေတ်က ပေါ်ပင်လိုက်သလို ဖြစ်နေတာပါ” လို့ နေရဲမာန်က ပြောပါတယ်။
သေချာတာ ကတော့ သင်္ကြန် သီချင်းခွေ အသစ် အသစ်တွေ ဘယ်လိုပဲ ထွက်လာထွက်လာ မြန်မာ ပရိသတ် တွေက လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ က သီချင်းဟောင်းတွေကို ပြန်ဖွင့်၊ ပြန်နားထောင် နေကြသေးတယ် ဆိုတာ ကတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။