ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော် Armed Forces Division မှ Principal Staff Officer Lieutenant General Abu Belal Muhammad Shafiul Huq, nd, psc နှင့် ယမန်နေ့က နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံမှု မြှင့်တင်ရေး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေး၊ လေ့ကျင့်ရေး အပါအဝင် ပူးပေါင်းဆောင် ရွက်မှု အရှိန်မြှင့်ရေး၊ နယ်စပ်ဒေသများတွင် ခိုအောင်းနေသည့် လက်နက်ကိုင်အဖွဲ့များအား ရှင်းလင်းရန်နှင့် နယ်စပ်တည်ငြိမ်ရေး ကိစ္စများ ဆွေးနွေးကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။