သတင်းတို

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးသိန်းစိန် ရခိုင် အရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Daniel R. Russel က မြန်မာနိုင်ငံ၏ ဖြစ်စဉ်များကို အနီးကပ်လေ့လာ စောင့်ကြည့်နေပြီး ခိုင်မာစွာ ထောက်ခံအားပေးလျက်ရှိကြောင်းနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကိုလည်း ထောက်ခံ ကြောင်း ယမန်နေ့က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရေး၊ ကုသလမဂ္ဂနှင့် နိုင်ငံတကာ NGO များ လုံခြုံမှုရ ရေး၊ လူသားချင်း စာနာသည့် အကူအညီများ ပေးရေးလုပ်ငန်းများ ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိရေး စသည်တို့ကို ဆွေးနွေး ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Loading