အိုဘားမား ဒုတိယအကြိမ် မြန်မာပြည် လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် သမ္မတ အိုဘားမားသည် လာမည့် နိုဝင်ဘာလထဲတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည် ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel R. Russel ၏ ပြောကြားချက်အရ သိရသည်။ အိုဘားမား တာဝန်ယူပြီး နောက် (Asia Pivot) အာရှကို အလေးပေးသည့် မူဝါဒ အရ အာရှ ပစိဖိတ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံဖြိုးရေးသည် အရေးကြီးသည့် ကိစ္စဖြစ်၍ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန် ဖြစ်ကြောင်း၊ မြန်မာ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူချိန်တွင် မြန်မာနှင့် တွဲဖက်ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။ အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုသည် မြန်ဆန်လွန်းသည်ဟု ဆိုကာ လွှတ်တော်အမတ်တချို့၏ ဝေဖန်မှုများ ရှိနေသည်။ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပထမဆုံး အကြိမ် ရောက်ရှိခဲ့သည်။