မတ်လအတွင်း မြန်မာပြည်မှာ ၂၀၁၄ အာဆီယံ လူငယ်ဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖိုရမ် ဖြစ်မြောက်ရေးကော်မတီမှာ ကွန်ရက်ချိတ်ဆက်ရေးနှင့် ဆက်သွယ်ရေးတာဝန်ခံအဖြစ် မသဉ္ဇာရွှန်းလဲ့ရည်က တာဝန်ယူခဲ့ပါတယ်။ မသဉ္ဇာရွှန်းလဲ့ရည်ဟာ ASEAN Youth Volunteers Network မှာလည်း Country Focal အဖြစ် တာဝန်ယူထားပါတယ်။ အာဆီယံလူငယ်ဖိုရမ် ကျင်းပတဲ့ အတွေ့အကြုံ၊ ဆွေးနွေးချက် များ၊ ဒေသတွင်းနဲ့ မြန်မာ့လူငယ်များ အခြေအနေ၊ လူငယ်တွေကို ကိုယ်စားပြုတဲ့ အသံတွေက ဘာတွေဖြစ်နိုင်မလဲ စတာတွေကို ဧရာဝတီ အကြီးတန်းသတင်းထောက် မေစစ်ပိုင်က မသဉ္ဇာရွှန်းလဲ့ရည်နဲ့ ဆက်သွယ်မေးမြန်းထား ပါတယ်။
ဧရာဝတီ ။ ။ အမအနေနဲ့ လက်ရှိ လူငယ်ကိုယ်စားလှယ် တဦးအနေနဲ့ ဆောင်ရွက်နေ တဲ့ တာဝန်တွေကို ပြောပြပေးပါလား။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ လူငယ်ကိုယ်စားလှယ် ဆိုတာထက် တကယ့် လူငယ်ကိုယ်စားပြုမှု အစစ်အမှန် တွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတဲ့ လူငယ်တွေထဲက လူငယ်တဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ လက်ရှိ မှာ ပထမဆုံးအကြိမ် ၂၀၁၂ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲအပြီးပေါ်ထွက် လာတဲ့ အမျိုးသား လူငယ် ကွန်ရက်ဖြစ်တဲ့ National Youth Congress (NYC) ရဲ့Event တခုဖြစ်တဲ့ အာဆီယံ လူငယ် တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ဖြစ်မြောက်ရေးကော်မတီ မှာ ကွန်ရက်ချိတ်ဆက်ရေးနှင့် ဆက်သွယ်ဆက် ဆံရေး တာဝန်ခံအနေနဲ့ တာဝန်ယူပေးခဲ့ပါတယ်။ ဖိုရမ်ကတော့ မတ်လ ၁၉ ရက်နေ့မှာ ပြီးဆုံးသွားပါပြီ။ နောက် ၁၀ နိုင်ငံက လူငယ် ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ ASEAN Youth Volunteers Network မှာ Country Focal အဖြစ် မြန်မာနိုင်ငံက Volunteer Events တွေ၊ နောက် အာဆီယံ လူငယ်ပွဲတွေနဲ့ အာဆီယံလူငယ်တွေကို ချိတ်ဆက် ပေးရတဲ့ တာဝန် ကို ၂၀၁၂ ကတည်းက ယူထားတယ်။ နောက် ၂၀၁၀ ခုနှစ်ကတည်းက ဖွဲ့စည်းထားတဲ့ ပညာရေးအဖွဲ့ Voluntary Internship Program (VIP) အဖွဲ့မှာ Education Focal အဖြစ် Citizenship နဲ့ ပတ်သက်ပြီး လူငယ်တွေကို Awareness ပေးတယ်။ ဘကကျောင်း (ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း) တွေက ဆရာမလေးတွေကို TOT ကူညီ ပေးတယ်။ Volunteer Event/ Gathering တွေ ကျင်းပပေးတယ်။ လူငယ်တွေနဲ့အတူ မိဘမဲ့ကလေး တွေ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပညာရေး ကို တစ်ဖက်တစ်လမ်း က ပံ့ပိုးကူညီပေးပြီး တချို့ နယ်ဒေသတွေအတွက် အသက်ဝင်နေတဲ့ စာကြည့်တိုက်တွေ ဖြစ်ပေါ်လာအောင် လည်း ဆောင်ရွက်ပေး ပါတယ်။ ပရဟိတစိတ် အခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကနေ ပြုပြင်ပြောင်းလဲရေး ပေါ်လစီပိုင်းဆိုင်ရာ တွေအထိ လူငယ်တွေ နေရာရရှိလာအောင် ကိုယ့် အချင်းချင်းလည်း တွန်းသလို အစိုးရ ဘက်ကိုလည်း လော်ဘီလုပ်တဲ့ အပိုင်းတွေကို ပြောခဲ့တဲ့အဖွဲ့တွေ၊ ကွန်ရက်တွေကနေတဆင့် တတ်စွမ်းသရွေ့ ပြုလုပ် နေပါတယ်။
ဧရာဝတီ ။ ။ မြန်မာလူငယ်ဖိုရမ်ကရော လူငယ်တွေနဲ့ ပတ် သက်ပြီး ဘယ်လိုခေါင်းစဉ်တွေကို အဓိကထားပြီး ဆောင်ရွက်နေပါလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ မြန်မာလူငယ်ဖိုရမ်မှာ ဒီနှစ် ခေါင်းစဉ် ၄ ပိုင်းခွဲပြီး ဆွေးနွေးခဲ့ကြတယ်။ တခုက လူငယ် ကြေညာ ချက်၊ နောက် ရှေ့ဆက်လုပ်ငန်းစဉ်၊ အမျိုးသား လူငယ်ရေးရာ မူဝါဒ၊ နောက်ကွန်ရက်ချိတ်ဆက်မှု ဆိုပြီး အပိုင်း ၄ ပိုင်းနဲ့ ဆွေးနွေးတယ်။ ရှေ့ဆက် လုပ်ငန်းစဉ် အပိုင်းကနေ ရေးဆွဲထားမှုတွေကို ကွန် ရက်ချိတ်ဆက်မှု အပိုင်းကနေ တင်သွင်းလာတဲ့ လူငယ်ကွန်ရက်ကြီးကနေ ဆက်လက်လုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။ ကြေညာချက်အနေနဲ့ ကတော့ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ လူမှုရေး၊ နိုင်ငံရေးစသဖြင့် ပြည်နယ် နဲ့ တိုင်းဒေသကြီး ဖိုရမ်တွေက တင်သွင်းလာတဲ့ ပြဿနာတွေ၊ တောင်းဆိုချက်တွေအပေါ် အခြေခံပြီး အပြီး သတ် ထုတ်ပြန်ကြခြင်းပါ။
ဧရာဝတီ ။ ။ မတ်လ ၂၃ ရက်နေ့က ပြီးသွားတဲ့ အာဆီယံ လူထု ဖိုရမ်မှာရော မြန်မာလူငယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဆွေးနွေးခဲ့ကြသလား။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ အာဆီယံမှာကတော့ ၁၀ နိုင်ငံလုံးရဲ့ ဘုံ ပြဿနာကို တင်သွင်းတဲ့အပိုင်းဖြစ်ပါတယ်။ မြန်မာ နိုင်ငံဘက်က ကိုယ်စားလှယ် ၉၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြလို့ အာဆီယံလူငယ် ကြေညာချက်မှာ အကုန်ခြုံငုံ ပါဝင်သွားတာ ဖြစ်ပါတယ်။ အာဆီယံ လူငယ်ဖိုရမ်မှာ ဆွေးနွေးတဲ့အဓိက ခေါင်းစဉ်ကြီး ၇ ခုဟာ မြန်မာ လူငယ်ဖိုရမ်မှာ အများစု ဆွေးနွေး ထားပြီးသားတွေ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေ က ရွေးချယ်ခံရတဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံ လူငယ်တွေ့ဆုံပွဲ ကြေညာချက်တွေအပေါ်အခြေခံပြီး ကိုယ်စားပြု ဆွေးနွေး တင်ပြခဲ့ကြပါတယ်။
ဧရာဝတီ ။ ။ ဆွေးနွေးခဲ့တယ်ဆိုရင် ဘယ်လိုမျိုး ရလဒ်တွေ ထွက်လာခဲ့သလဲ သိချင်ပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ရလဒ်ကတော့ အခု ဆွေးနွေး၊ အခု ထွက်လာ တာမျိုးတော့မဟုတ်တော့ ဆွေးနွေးချက်တွေအကုန် စုပြီး အာဆီယံလူငယ်ကြေညာချက်၊ ရန်ကုန်ကြေညာ စာတမ်းအနေနဲ့ စုစည်းပြီးထွက်လာပါတယ်။ နောက်တဆင့် ပိုတာက ဒီနှစ် အာဆီယံဖိုရမ်က ကြေညာချက်ကိုပဲ ဦးတည်ထားတာ မဟုတ်တော့ ဗျူဟာ ဆွေးနွေးတဲ့ အပိုင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အာဆီယံ အစိုးဘက်၊ နောက် ကိုယ့်အစိုးရတွေ၊ နောက် အရပ်ဘက် အဖွဲ ့အစည်းတွေထဲမှာ လူငယ် တွေ အနေနဲ့ဘယ်လို ဗျူဟာတွေချမှတ်ပြီး ကြေညာ ချက်တွေ၊ နောက် တောင်းဆို အကြံပြုချက်တွေကို မျှဝေ ဖြန့်ဝေသွားမလဲဆိုတဲ့ အကြောင်းအရာတွေ ကိုပါ ဆွေးနွေးကြပါတယ်။ နောက် မြင်လာရမယ့် ရလဒ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ပြောရရင် သမ္မတရုံး ဝန်ကြီးတွေကိုယ်တိုင် ဒီ ကြေညာ ချက်တွေကနေ အခြေခံပြီး အမျိုးသားလူငယ်မူဝါဒ ရေးဆွဲရာမှာ အလေးထားညှိနှိုင်း လုပ်ဆောင်ပြီးတော့ ထည့်သွင်း ရေးဆွဲသွားမှာဖြစ်တယ်ဆိုတဲ့ နှုတ်ကတိတွေ ရထားတယ်။ နောက် အာဆီယံ ထိပ်သီးစည်းဝေး ပွဲမှာ လူငယ်အပိုင်း တင်ပြတဲ့အခါမှာ ဒီတွေ့ဆုံပွဲကရလာ တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးသွားမယ် ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ကော်မတီက ပြောထားတာတွေ ရှိပါတယ်။ ကျမ တို့ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရကတော့ နားထောင်ပေးသွားမယ်။ လုပ်ဆောင်ပေးသွားမယ်၊ အကောင် အထည်ဖော်ပေးသွားမယ်လို့ ယူဆရပါ တယ်။ ကျမတို့ဘက်ကလည်း အားလုံးပူးပေါင်းပါဝင် နိုင်တဲ့ ကိုယ်စားပြု အာဆီယံ လူငယ်ကွန်ရက် ပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီ ။ ။ အမက အာဆီယံလူငယ်ဖိုရမ်ရဲ့ အစည်း အဝေးတွေနဲ့ တချို့လှုပ်ရှားမှုတွေမှာ ပါဝင်နေရတော့ အာဆီယံ နိုင်ငံတွေက လူငယ်တွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေမှာ ဘယ်လိုကွာခြားတာတွေ ရှိနေတယ် လို့ မြင်ပါသလဲ။ ဘာကြောင့်ပါလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ကမ္ဘောဒီးယားတို့၊ လာအိုတို့ စတဲ့ CLMV နိုင်ငံတွေနဲ့ဆိုရင် မြန်မာနိုင်ငံက လူငယ်တွေက ပိုမို သွက်လက်ပြီး စိတ်ဓာတ်ခွန်အား ထက်သန်ကြပါ တယ်။ အာဆီယံ ဒေသတွင်းမှာ ဦးဆောင်နိုင်ငံတွေ အင်ဒို၊ ထိုင်း၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက လူငယ် တွေနဲ့ ယှဉ်ရင်တော့ ပညာရေးပိုင်း၊ အင်္ဂလိပ်စာပိုင်း၊ နောက် အာဆီယံဆိုင်ရာ လေ့လာထားမှုတွေ၊ ကျွမ်း ကျင်မှုတွေက မြန်မာလူငယ်တွေ ပိုမို အသိြွကယ် ထားဖို့ လိုအပ်တယ်လို့ မြင်မိ တယ်။ အဓိကçကတော့ ဖြတ်သန်းလာရတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပါပဲ။ ပညာရေးစနစ်က အဓိက ကွာဟချက်ပါ။ ကျမ တို့မှာ အတူတကွ လုပ်ဆောင်မှုတွေ၊ ချိတ်ဆက် ဆောင်ရွက်မှုတွေ၊ စုဝေးပိုင်ခွင့်တွေမရ ခဲ့ဘူး။ လေ့ လာချင်တာ၊ သင်ယူချင်တာတွေဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာဆိုရင် အကြောက်တရားနဲ့ ကန့်သတ်မှု တွေ၊ ရုပ်ပိုင်းဆိုင်ရာ နည်းပညာ ပံ့ပိုးမှုမရှိတာ၊ Infra-structure တွေ မရှိတာစတဲ့ အကန့်အသတ်တွေ ရှိနေခဲ့တယ်။ နောက် ဒီလိုပွဲမျိုးကို ကျမတို့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေက တတ်ကြွလူငယ်တွေ စတင် ပွင့်ပွင့်လင်းလင်း တက်ရောက်နိုင်ခဲ့တာက ၂၀၁၂ ကမှ ဆိုတော့ ဒီအကြောင်းအရာတွေကို အများကြီး ရှင်းလင်းပြောပြပြီး ပါဝင်လာဖို့ လုပ် ဆောင်ရမှာတွေ ရှိပါတယ်။ တခု ရဲရဲကြီး ပြောရဲတာ ကတော့ ဘယ်လို ဖွံ့ဖြိုးမှုတွေ ကွာဟနေပါစေ၊ ကျမ တို့ မြန်မာလူငယ်တွေ ဖိနှိပ်မှုကြားကနေ ဖီးနစ်ငှက်လို ထိုးထွက်လာတာဟာ ၂၀၁၄ ခုနှစ် AYF ပွဲကြီး ကို လူအများဆုံး၊ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ကျင်းပနိုင်ခဲ့တာကိုကြည့်ပြီး အာဆီယံမှာ ကျမတို့ကို အထင်သေးလို့ မရတော့ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင် ရာ ခွန်အားပြည့်မှု၊ တတ်ကြွမှုတွေ ကိုတော့ အင်္ဂလိပ် လို မွှတ်နေအောင် ပြောတတ်နေပါစေ၊ သူတို့ထက် သာပါတယ်။
ဧရာဝတီ ။ ။ အစိုးရ၊ လွှတ်တော်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ မြန်မာ လူငယ် ကိုယ်စားလှယ်တချို့ တွေ့ဆုံမှုတွေရှိခဲ့တယ် ဆိုတော့ ဘယ်လိုကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြပါ သလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ အစိုးရပိုင်းတွေနဲ့ လူငယ်တွေ တွေ့ဆုံပွဲတွေက ပုံစံမျိုးစုံနဲ့ ရှိနေခဲ့ပါတယ်။ တရားဝင် Myanmar Peace Center မှာ သွားရောက် တွေ့ဆုံဖြစ်တာ လည်းရှိသလို နေပြည်တော်က ဝန်ကြီးဌာန ရုံးခန်း တွေမှာ ကိုယ်တွေက သွားရောက်တွေ့ဆုံတာလည်း ရှိခဲ့ပါတယ်။ မြန်မာလူငယ် တွေ့ဆုံဆွေးနွေးပွဲအတွက်၊ အာဆီယံလူငယ် တွေ့ဆုံပွဲတွေအတွက် လိုအပ်တဲ့ အကူအညီကိုတောင်းဖို့ အစိုးရဘက်ကလည်း ကမ်း လှမ်းလာတယ်။ နှောင်ကြိုးမပါတဲ့၊ ဝင်ရောက်စွက် ဖက်မှု ကင်းတဲ့ အကူအညီမျိုးကို လက်ခံခဲ့ပါတယ်။ နောက် လူငယ်ရေးရာ မူဝါဒအတွက် ဆက်လက် လုပ်ဆောင်မှုတွေမှာ လူငယ်အသံတွေ များများ ပါဝင်လာဖို့ အကြံပြု ရေးသား သွားတဲ့အခါမှာလည်း လူငယ်တွေနဲ့ရင်းနှီးကျွမ်းဝင်ပြီး လူငယ်အခြေအနေ ကို နားလည်နိုင်တဲ့ ပြည်တွင်း အကြံပေး ခန့်အပ်ဖို့၊ လူငယ်တွေ ပါဝင်နိုင်ဖို့ ပြောဆိုတာတွေ ရှိပါတယ်။ မကြာခင် ဖွင့်လှစ်ပေးမယ့် လူငယ် စင်တာအတွက် အကြံပြုသွားဖို့တွေလည်း ရှိပါတယ်။ အာဆီယံ လူငယ်တွေနဲ့ သမ္မတရုံးဝန်ကြီးတွေ တွေ့ဆုံတဲ့ အခါ မှာတော့ အာဆီယံဒေသတွင်း ကြုံတွေ့နေရတဲ့ ပညာရေးစနစ် လိုအပ်ချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် လူငယ်များ ပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် ဒေသအလိုက် ကြုံတွေ့နေရသည့် လူငယ်ရေးရာ အခက်အခဲတွေကို ပွင့်လင်းစွာဆွေးနွေးကြပါတယ်။ နောက် အာဆီယံမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ လူမှုရေး၊ ဘာသာရေး စသဖြင့် လူမျိုးရေးကအစ ကိုယ် စားလှယ်တွေက မေးမြန်းကြတာမျိုးတွေ ရှိပါတယ်။
ဧရာဝတီ ။ ။ ဆွေးနွေးမှုတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူ တွေကို လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နိုင်ဖို့ တောင်းဆိုခဲ့ကြတာမျိုးရော ရှိပါ သလား။ သူတို့ဘက်ကရော တုံ့ပြန်မှုဘယ်လိုရှိပါလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ လူငယ် ခေါင်းဆောင်တချို့က တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။ လူငယ်စင်တာတို့ နောက်အာဆီယံပွဲအတွက် ဆိုရင် လူငယ်တွေရဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ဘွဲ့နှင်းသဘင် ခန်းမကို ပွဲကျင်းပဖို့ တောင်းဆိုတာမျိုး စသဖြင့် ရှိခဲ့ပါတယ်။ အစိုးရဘက်က လုပ်ပေးရမှာတွေ၊ လုပ်ပေးသင့် တာတွေက နှစ် ၅၀ စာလောက် များပါတယ်။ ကျမတို့ အကုန်လုံး ဦးတည်ချက်ထားပြီး တောင်းဆိုနေတာ ကတော့ ကျမတို့ ထုတ်လိုက်တဲ့ ကြေညာချက်တွေသည် လူငယ်ပေါင်း ၃၀ဝ ကျော် နီးပါး အခက်အခဲတွေကြား ကနေ တနေရာမှာစုဝေး ပြီး ၃ ရက်တာ ဆွေးနွေးပြီး ထွက်ရှိလာတဲ့ အနှစ်နှစ် အလလ သိမ်းဆည်းထားရပြီး အခု နှစ်ပိုင်းတွေမှာမှ စုစည်း ထွက်ပေါ်လာတဲ့ အသံတွေပါ။ စက္ကူတွေ ချည်းပဲ မဟုတ်ပါဘူး။ အဲဒီ ကြေညာ ချက် ထုတ်ဖော်သံတွေသည် အတော်ညံပါလိမ့်မယ်။ ညံတာနဲ့အညီ ကြေညာချက်တွေကို ဖတ်ရှုပြီး တုံ့ပြန်ရန်၊ အကောင် အထည်ဖော်ပေးရန်၊ ရေးဆွဲမယ့် အစိုးရ ဏူညေညငညါ ပိုင်းတွေမှာ ထည့်သွင်းရန် လေးနက်စွာ တောင်းဆို တာပါ။ အစိုးရဘက်ကလည်း အားလုံး ကြားကြတဲ့ အတိုင်း လူငယ်တွေရဲ့ အသံတွေကို တုံ့ပြန်ပါ လိမ့်မယ်။ အစိုးရရဲ့လုပ်ဆောင်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ကျမတို့ လူငယ်တွေဘက်ကလည်း တာဝန်ယူစရာရှိရင်လည်း တာဝန်အပြည့်ယူရပါမယ်။
ဧရာဝတီ ။ ။ အမရဲ့ ကိုယ်ပိုင်အမြင်အရ မြန်မာနိုင်ငံက လူငယ်တွေ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတွေက ဘာတွေဖြစ်မလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ပြဿနာတွေကို ဖော်ထုတ်လာရတာ တိုင်းနဲ့ ပြည်နယ်အလိုက် ကိုယ်တိုင်လည်းသွားရောက်ကူညီ ဖြစ်တော့ အတော်တောင် အလွတ်ရနေပါပြီ။ ကျမ တို့ မြန်မာပြည်မှာ ပြည်နယ်နဲ့ တိုင်း ၇ ခုအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေလည်း ရှိသေး တယ်။ အဲဒီက လူငယ်တွေအပြင် နယ်စပ်ဒေသတွေ က ဒုက္ခသည်စခန်းက လူငယ် တွေ၊ ပြည်ပရောက် မြန်မာလူငယ်တွေ အားလုံးအတွက် ထည့်သွင်း စဉ်းစားထားတဲ့ လူငယ်ကြေညာချက် တွေကနေ အခြေခံပြီး ကိုယ်ပိုင်အမြင်ကို ပြောလိုပါတယ်။ နယ် စပ်ဒေသတွေက ရွေ့ပြောင်းအလုပ်သမား လူငယ်တွေ နဲ့ သူတို့ရဲ့ လုံခြုံမှု၊ အခွင့်အရေး၊ စစ်ဘေးဒဏ်သင့် ဒေသတွေက လူငယ်တွေရဲ့ ပြန်လည် ထူထောင်မှု၊ ရွာငယ်လေးတွေမှာရှိနေတဲ့ မြန်မာစကားတောင် မပြောနိုင်တဲ့ တိုင်းရင်းသားလူငယ်လေးတွေ အတွက် တိုးတက်ဖွံ့ဖြိုးမှု၊ အသိပညာဗဟုသုတ ကြွယ်ဝလာ နိုင်မှုတွေအတွက် ထောက်ပံ့နိုင်မှုစနစ်တွေ၊ သူတို့ဆီ ရောက်ရှိနိုင်မယ့် ပညာရေးဆိုင်ရာ Inclusiveness Planning အစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ ထည့်သွင်း စဉ်းစားမှုတွေ လစ်ဟာတဲ့အတွက် နောက်ဆက်တွဲ တွေဖြစ်တဲ့ အရည်သွေးပြည့်မီတဲ့ လုပ်သား အင်အား နည်းပါးမယ်။ အသိပညာ အားနည်းတဲ့အတွက် လိုရာဆွဲပြီး သိမ်းသွင်းခံရနိုင်တယ်။ မသမာ သွေးထိုးမှု နောက်မှာ အလွယ်တကူ အုံြွကလာမယ်။ ပညာရေးကိုတော့ အဓိက တောရော မြို့တွေမှာပါ ရင်ဆိုင်နေရတဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်ပြီး ပြဿနာလို့တောင် မမြင်ဖြစ်ကြတဲ့အဆင့်ကို ရောက် နေတဲ့ အဓိက ကိုင်တွယ်ရမယ့်ပြဿနာလို့ မြင်ပါ တယ်။ လူငယ်တွေဟာ နေရာတိုင်းမှာ၊ လှုပ်ရှားမှု နယ်ပယ်တိုင်းမှာ ရှိနေတယ်။ အကြောင်းအရာအစုံ မှာ လူငယ်တွေရှိနေကြတော့ လူငယ်တွေရဲ့ အသံတွေကို နားမထောင်ကြတဲ့၊ လူငယ်တွေကို အားမပေးကြတဲ့ ပြဿနာကြီးက ပိုကြီးပါတယ်။
ဧရာဝတီ ။ ။ လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါနေတယ်လို့ အစ်မ မြင်ပါသလဲ၊ သုံးသပ် မိပါသလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ လူငယ်တွေ သွေးကြွလွယ်ပြီး ရိုင်းတယ်၊ နောက် ဆူပူမှုကိုဖန်တီးတယ်ပြောကြတယ်။ အဲဒီလို မဖြစ် အောင်ကြတော့ သင့်လျော်တဲ့ပညာရေး၊ စဉ်းစား ဆင်ခြင်နိုင်မှုအတွက် ဖန်တီးပေးထားတဲ့ ပတ်ဝန်းကျင် တွေက ဘယ်မှာတုန်း။ အကုန်လုံးက ဠငခငသကျ ဃပခူန လို သံသရာလည်ပြီး လူငယ်တွေကို မယုံရဘူးနဲ့ပဲ အဆုံးသတ်လို့ မရပါဘူး။ ပတ်ဝန်းကျင်နဲ့ ယုံကြည်မှု ပြဿနာတွေ ခံစားရတယ်။ လုပ်ငန်းခွင် မှာ၊ ကျောင်းမှာ၊ ဌာနဆိုင်ရာတွေမှာ လူငယ်တွေက အတွေ့အကြုံ မရှိဘူး၊ မယုံရဘူး၊ မှားသွားမယ်ဆိုတာနဲ့တင် အကဲဖြတ် လိုက်ပြီး လူငယ်နေရာတွေပျောက်ဆုံးကုန်တယ်။ လူငယ်တွေဘက်ကလည်း နေရာပေး ခံရမှုမရှိတဲ့အပြင် အနှိမ်ခံရတဲ့အခါမှာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပျောက်ဆုံးတယ်။ နောက်ပိုင်း နိုင်ငံ ရေးတွေမှာ လူထု အထူး သဖြင့် လူငယ်တွေရဲ့စိတ်ပါ ဝင်စားမှု ပိုလိုအပ်လာတဲ့ ဒီမိုကရေစီဖော်ဆောင်မယ် ဆိုတဲ့ နှစ်တွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်။ သူများနိုင်ငံတွေမှာ အသက် ၂၇ ကျော် အရွယ် လွှတ်တော်အမတ် တွေ့ခဲ့ပါ တယ်။ မလေး ရှားမှာပါ။ အမျိုးသမီးတဦးပါ။ တက်ကြွမှုနဲ့အတူ သူ့ပါတီမှာ နေရာပေးခံရပါတယ်။ အဲဒီလို လူငယ်မျိုးကိုကြည့်ပြီး ကျမတို့ အားတက်ရတယ်။ လူငယ်တွေရဲ့ တက်ကြွမှု၊ ခေတ်နဲ့ လိုက်လျောညီထွေစွာ ချိန်ယူ သုံးသပ်နိုင်မှု၊ ဖန်တီးမှု ကောင်းကောင်းနဲ့ ဆန်းသစ် တီထွင်မှုတွေကို ဘယ်လို အတွေ့အကြုံ နှစ်ချီ ရှိနေပါစေ၊ အသက်အရွယ် ဘယ်လောက် ကြီးကြီး လူငယ်တွေရဲ့ အားသာချက်တွေက ရှိနေတာပါ။ ဒါက အကုန်လုံး လက်ခံရမယ့် အချက်။ လူကြီးတွေရဲ့ အတွေ့အကြုံ ဗဟုသုတ စွမ်းအားနဲ့ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားကို ပေါင်းစပ် နိုင်ရပါမယ်။ လူငယ်တွေ တခုမှားတိုင်း နှစ်ခါပြန် အပြစ်တင်ဆူပူတာထက် တကြိမ်လောက်အားပေးပြီး တစ်ကြိမ်လောက် ထပ်ယုံပေးပါ။ လူငယ်တွေမှာလည်း တာဝန်ခံယူမှု အလေ့ အကျင့်ကောင်းတွေ မွေးမြူ ထားပါမယ်။ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်း ဆောင်တွေလို့ ပြောကြတယ်။ အဲဒါ ငြင်းပါတယ်။ မရေရာတဲ့ အနာဂတ်ကျမှပဲ ခေါင်းဆောင် မလုပ်ပါဘူး။ လူငယ်တွေဟာ Leaders of Today ယနေ့ ကစပြီး ခေါင်းဆောင်မယ့်သူတွေပါ။
ဧရာဝတီ ။ ။ နိုင်ငံရေးနယ်ပယ်၊ လွှတ်တော် နယ်ပယ်တွေမှာ လူငယ်တွေ ပါဝင်လှုပ်ရှားမှုနည်းနေသေးတော့ အစ်မ တို့တွေအနေနဲ့ ပိုမိုပါဝင်လာရေး၊ ပါဝင်ခွင့် ရရှိလာရေး ကိစ္စတွေအတွက် ဘယ်လို စဉ်းစားထားကြပါ သလဲ။ ဘယ်လိုမျိုး ဆောင်ရွက်ကြမလဲ။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ကျမ သိသလောက်ကတော့ အခု နိုင်ငံရေး ပါတီတွေမှာ လူငယ်ခေါင်းဆောင်တွေ များပါတယ်။ နိုင်ငံရေး သင်တန်းတွေမှာလည်း ကျမ မေးမြန်းရ သလောက်ကလည်း လူငယ်၊ လူငယ်မှာမှ တိုင်းရင်း သား လူငယ်တွေ၊ တိုင်းရင်းသား လူငယ်တွေမှာမှ အမျိုးသမီးငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေ ကြပါတယ်။ ကျမတို့ လူငယ်တွေ ဘယ်တုန်းကမှ နိုင်ငံရေးမှာ ပါဝင်ဖို့ မတွန့်ဆုတ်ဖူးပါဘူး။ ရှေ့က နေပဲ ဦးဆောင်ပါဝင်ခဲ့ကြသူ တွေပါ။ ခုလို ပါလီမန် လွှတ်တော်မှာ တရားဝင် နိုင်ငံရေးလောကထဲကို ဝင်ရောက်ရမယ် ဆိုတဲ့အခါမှာတော့ သင့်လျော်တဲ့ ဗဟုသုတ၊ ကြိုတင် ပြင်ဆင်မှုတွေနဲ့ အနည်းဆုံး ၂၀၂၀ မှာ လူငယ် အများအပြားကို ကျမတို့က လွှတ်တော်မှာ မြင်လိုပါတယ်။ အသက် ၂၅ နှစ်မှ ကိုယ်စားလှယ်ဖြစ်ခွင့် ဆိုတော့ ကျမတို့တောင် ၃ နှစ်လောက် စောင့်ရဦးမယ့်သဘော ရှိပါတယ်။ နောက်တခု အရေးကြီးတာက နိုင်ငံရေးကို စိတ်ပါ ဝင်စားသူဆိုတဲ့ လူငယ တွေဟာ အကန့်အသတ်နဲ့ အသိုင်းအဝိုင်းတခုနဲ့ ရှိနေတာပါ။ စိတ်ပါဝင်စား ပေမယ့် နိုင်ငံရေးလောကမှာ ပါဝင် လိုသူ ဆိုတာ နောက်ထပ် အကန့်အသတ်နဲ့ ထပ်ရှိနေပါတယ်။ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အနေနဲ့ကတော့ အဖွဲ့ဝင် တွေ၊ ဦးဆောင်လှုပ်ရှားသူတွေထဲမှာ အခြားသော ှနခအသမ တွေမှာ ပါဝင်သူတွေလည်း ရှိပါတယ်။ ဥပမာ- ပညာရေးကို အဓိက လုပ်တာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ စသဖြင့်။ ဒါပေမယ့် လွှတ်တော် တက်ဖို့ ရွေးကောက်ပွဲ ဝင်ဖို့အတွက် နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေလည်း ရှိပါတယ်။ ကွန်ရက် အနေနဲ့ ကတော့ အားလုံးရဲ့ ဘုံသဘောတူညီချက် အတိုင်း နိုင်ငံရေးဆိုင်ရာပါဝင်ခွင့်ရဖို့ ထပ်မံဆွေးနွေး ကြဦးမှာပါ။
ဧရာဝတီ ။ ။ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ်တွေ၊ အကြောင်း အမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့လူငယ်တွေ၊ လမ်းမှားရောက်နေတဲ့လူငယ်တွေ အများအပြားရှိနေ တယ်ဆိုတော့ အစ်မတို့ မြန်မာ လူငယ်ဖိုရမ်အနေနဲ့ လူငယ်တွေအတွက် အသိပညာပေးမှု၊ ဟောပြော ဆွေးနွေးမှုစတဲ့ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ရောရှိပါ လား၊ ဆောင်ရွက်နေဆဲကိစ္စတွေရော ရှိမလား။
မသဉ္ဇာရွှန်းလဲ့ရည် ။ ။ ဒီနှစ် မြန်မာလူငယ်ဖိုရမ်ရဲ့ရှေ့ဆက်လုပ်ငန်း စဉ်တွေမှာ ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေ ပါဝင်ပါ တယ်။ အဲဒီ လုပ်ငန်းစဉ်တွေကို တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားလှယ်တွေက ရေးဆွဲတာပါ။ သေချာတာကတော့ အသိပညာပေးဟောပြောမှုတွေ ကို လူငယ်တွေက လူငယ်တွေအတွက် ကိုယ်ကိုယ် တိုင်လည်း ပညာသင်ရင်း ပညာဖြည့်ပေးရမှာပါ။ ကိုယ့်သူငယ်ချင်းတွေ ဘာတွေလိုအပ်လဲ ဆိုတာ ကိုယ်တွေသိပါတယ်။ ဆောင်ရွက် နေဆဲ ဆိုရင်တော့ အခြား ပြည်နယ်နဲ့ တိုင်း အသီးသီးက ဖိုရမ်တွေက လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုရင်လည်း ဆွေးနွေးပွဲတွေ လုပ်ကြ တယ်။ ဆောင်ရွက်နေဆဲတွေက တိုင်းနဲ့ ပြည်နယ်တွေ က ပိုမြန်ပါတယ်။ တနိုင်ငံလုံးအနေနဲ့ လုပ်ဆောင်ဖို့ အတွက် နေရာဒေသ ဝေးလံတာတွေ၊ အချိန်မအား လပ်တာတွေ၊ ကျောင်းကိစ္စနဲ့အလုပ်ရှိနေကြတာတွေ စသဖြင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။