သတင်းတို
လတ်တလော ကချင်တိုက်ပွဲ နှစ်ဘက် ကျဆုံးမှုများ ရှိ
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရနှင့် KIA တိုက်ပွဲများကြောင့် အစိုးရစစ်တပ်မှ အရာရှိနှင့် စစ်သည် ၁၁ ဦး၊ KIA မှ ၂၀ ကျဆုံးကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ ထို့အပြင် တပ်မတော်စစ်ကြောင်းက မန်စီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသတို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကျွန်းနှင့် တမလန်းအပါအဝင် သစ်တန်ချိန်ပေါင်း ၅၀၈၇ တန်၊ ယာဉ်/ယန္တရား အစီး ၁၂၀ ၊ တရုတ်နိုင်ငံသား ၁၃ ဦး အပါအဝင် တရားခံ ၅၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး KIA နှင့် ၄ ကြိမ် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။