မြန်မာ့ ဆက်သွယ်ရေး၊ ရတနာပုံ ဆက်သွယ်ရေးတို့နှင့် အပြိုင် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးမည့် အူရီဒူးနှင့် တယ်လီနော ကုမ္ပဏီများ အနေဖြင့် အခက်အခဲ တချို့ကြုံတွေ့နိုင်ကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာန အငြိမ်းစားအရာရှိဟောင်း ဦးသန်းဦးက ပြော ဆိုသည်။ မြန်မာပြည်သူများသည် ဆက်သွယ်ရေး၏ မတရားသည့် လုပ်ရပ်များကို ခံစားခဲ့ရကြောင်း၊ အဆိုပါ နိုင်ငံခြား ဆက်သွယ် ရေး ကုမ္ပဏီကြီးများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ လုပ်ထုံးလုပ်နည်း ဥပဒေ နည်းဥပဒေများကြောင့် အခက် အခဲများကြုံတွေ့နိုင်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က နော်ဝေ အခြေပြု တယ်လီနော နှင့် ကာတာအခြေပြု အူရီဒူး စသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးများ မြန်မာအစိုးရကြား ၁၅ နှစ်ကြာ လုပ် ငန်း ဆောင်ရွက်မှု သဘောတူညီချက် နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး 2 G နှင့် 3 G ဆက်သွယ်ရေး ကွန်ရက်များ ထူထောင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။