ဂျပန် အစားအသောက် ကုမ္ပဏီတခု ဖြစ်သည့် အိုအိရှိ ကုမ္ပဏီက မြန်မာနိုင်ငံတွင် အိုက်စ်ခရင် အစားအသောက် ထုတ်ကုန်သစ် တမျိုး ထုတ်လုပ်ဖြန့်ဖြူးမည် ဖြစ်ကြောင်း သိရသည်။ ယင်းကုမ္ပဏီ၏ ဒု ဥက္ကဋ္ဌ Mr. Paisarn Aowstaporn က အိုက်စ်ခရင် အစား အသောက် ထုတ်ကုန်သစ် တမျိုးကို မကြာခင်က ထိုင်းနိုင်ငံ ဘန်ကောက် ဈေးကွက်တွင် မိတ်ဆက်ပေး ခဲ့ကြောင်း၊ မြန်မာနှင့် ထိုင်း ဈေးကွက်သည် ပူပြင်းသည့် ရာသီဥတုကြောင့် ကျယ်ပြန့်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိုအိရှိ ရှဘူရှိ စားသောက်ဆိုင်ကို City Mart အဆောက်အအုံ၌ လာမည့်လ အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ မန္တလေးတွင် ဇွန်လအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။