သတင်းတို
ခရီးသွားလုပ်ငန်း မြှင့်တင်ရန် လုပ်ငန်း ၃၈ ခု အကောင်အထည် ဖော်မည်
This article has been converted from Zawgyi One to Unicode
မြန်မာ့ ခရီးသွားလုပ်ငန်း နိုင်ငံတကာ အဆင့်မီ ဆွဲဆောင်နိုင်ရန် အတွက် ၂၀၁၃-၂၀၂၀ အစီအစဉ်အရ ဟိုတယ်နှင့် ဆက်စပ် လုပ် ငန်းများ အပါအဝင် လုပ်ငန်းကြီး ၃၈ ခုကို အမေရိကန် ဒေါ်လာ ၄၈၆ သန်း အကုန်အကျခံ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း Global Travel Industry News တွင် ဖော်ပြထားသည်။ ၂၀၂၀ တွင် နိုင်ငံခြားသား ဧည့်သည် ၇ သန်း လာရောက်ရန်၊ ခရီးသွားလာရေး လုပ်ငန်းမှ အခွန်ငွေ ဒေါ်လာ ၁၀ ဒသမ ၁၈ သန်း ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ ခရီးသွားလုပ်ငန်းမှ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သန်း ၄၀၀ ဝင်ငွေ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၉၂၆ သန်း အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။