ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်ရန် အမေရိကန်ကို KIA ခေါင်းဆောင်ပြော
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံ အနေနှင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသိသက်သေ အဖြစ် ပါဝင်ဆောင်ရွက်ရန် KIA ခေါင်း ဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်ဟု Reuters သတင်းတရပ်၌ ဖော်ပြထားသည်။ အမေရိကန် နိုင်ငံ ခြားရေးဌာန အပါအဝင် ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံသို့ ၁၀ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အမေရိကန်ရောက် ကချင်မိသားစုများ၊ ကချင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင်လည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည့် အပြင် စစ်ရေးအရ ဖိအားပေးခြင်းကို လက်ခံမည် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ အစိုးရနှင့် စစ် တပ် က လိုက်နာခြင်း ရှိမရှိ အခြေအနေများကို စောင့်ကြည့်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်ဟု သိရသည်။