ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပြန်လည်ရှာဖွေရေး လုပ်ငန်းများကို ပိုမိုကြန့်ကြာ အခက်အခဲ ဖြစ် နိုင်ရန် အပူပိုင်းမုန်တိုင်းတခုက ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။ လေယာဉ်ရှာဖွေရေး လုပ်ငန်းများကို သြစတြေးလျနှင့် အမေရိကန် နိုင်ငံများကပါ အိန္ဒိယ သမုဒ္ဒရာ အတွင်း စုစုပေါင်း စတုရန်း ကီလိုမီတာ ၄၉ ၄၉၁ (စတုရန်းမိုင်ပေါင်း ၁၉၁၀၀ မိုင်) အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နေခြင်း ဖြစ်ကြေင်း Reuters သတင်းတရပ် တွင် ဖော်ပြထားသည်။ လေယာဉ် ၏ Black Box မှ ပေးလာမည့် အချက်ပေး အသံများသည်လည်း ဆက်လက်ပေးပို့ နိုင်မည့် အခြေအနေ မရှိတော့သဖြင့် အခက်အခဲများ ပိုမိုကြုံနေရသည်ဟု ဆိုသည်။ အဆိုပါ လေယာဉ်သည် မတ်လ ၈ ရက်နေ့က ခရီးသည် ၂၃၉ ဦးတင်ဆောင်ကာ မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံ ဘေကျင်းမြို့ သို့ ဦးတည်ပျံသန်းစဉ် ရုတ်တရက် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။