ရွှေမြန်မာ လေကြောင်း လိုင်းပိုင် လေယာဉ် တစီးကို ရပ်နားထားသည့် နေရာမှ ရွှေ့ပြောင်း ပြေးဆွဲစဉ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ပိုင်ဆိုင်သည့် A 319. Airbus XY-AGR လေယာဉ်အား မတော်တဆ ထိခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။ လေယာဉ် ရပ်နားသည့် Parking မလွတ်၍ ဝင်တိုက်ခြင်း မဟုတ်ကြောင်း၊ ပြောင်းရွှေ့ရာတွင် စနစ်မကျ၍ ဖြစ်ကြောင်း၊ လေယာဉ်ရွှေ့စဉ် ဘရိတ်တုံး ခံခဲ့ပါက ယင်းသို့ ဖြစ်စရာ မရှိကြောင်း MAI ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် MAI ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။