အူရီဒူး ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် Nokia Solution and Networks (NSN) သည် ရန်ကုန်တွင် ရုံးခွဲ ၂ ခု ဖွင့် လှစ်ပြီး ဖြစ်ကြောင်း Converge သတင်းတရပ်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းသည် လျင်မြန်သည့် အဟုန်ဖြင့် ရွေ့လျားပြောင်းလဲနေကြောင်း၊ NSN အနေဖြင့် အဆိုပါ အပြောင်းအလဲတွင် နည်းညာနှင့် အထောက်အပံ့များ ပေးအပ် သွားမည် ဖြစ်ကြောင်း NSN အကြီးအကဲ Raman Vattumalai က ပြောသည်။ အူရီဒူး ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီက NSN အား 3 G ဆက်သွယ်ရေးဆိုင်ရာ အခြေခံလိုအပ်သည့် နည်းပညာ ပစ္စည်းများ ထောက်ပံ့တင်သွင်းရန် ရွေးချယ်ထားခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။