ပြည်လုံကျွတ် သန်းခေါင်စာရင်း အိမ်ထောင်စု ၁၁ သန်းခန့် စာရင်းကောက်ပြီးစီး
This article has been converted from Zawgyi One to Unicode
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု ၁၀၇၁၉၈၈၇ စု ကောက်ယူပြီးစီးကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရိတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေ များတွင် ကောက်ယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ကျေးရွာ ၁၁၀ သာ စာရင်းကောက်ရန် ကျန်ရှိတော့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျေးရွာတချို့ကို Technical Delay အဖြစ် စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်ဆဲ ဖြစ်ကြောင်းနှင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာ၏ ထုတ်ပြန်ထားသည်။