ကမ္ဘာ့ စာအုပ်များနေ့ အထိမ်းအမှတ် ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ စာအုပ်များနေ့ အထိမ်းအမှတ် အစီအစဉ်များ အဖြစ် ကလေးဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပုံပြင်ပြောပြခြင်းနှင့် စာပေ ဟောပြောပွဲများကို ရန်ကုန်မြို့ရှိ ဗြီတိသျှကောင်စီ စာကြည့်တိုက်တွင် ဧပြီ ၃၀ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထိုနေ့ နံနက် ၁၀ နာရီတွင် ကလေးဆေးရောင်ခြယ် ပြိုင်ပွဲ စတင်မည် ဖြစ်ကြောင်း၊ နေ့ခင်းပိုင်းတွင် ဆရာမ Rachael ဆိုသူက ကလေးများအား စိတ်ဝင်စားဖွယ် ပုံပြင်များ ပြောပြမည် ဖြစ်ကြောင်း၊ ညနေ ၅ နာရီတွင် ဆရာအောင်သိန်းကျော် (ခ) ဆူဒိုနင် က သတင်းကို ချင့်ချိန် ပိုင်းခြား လက်ခံနိုင်စွမ်း (Media Literacy and News Literacy) ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်များသို့ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထား စာရင်း ပေးရန် ဖြစ်ကြောင်း၊ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ်မှာ ၂၅၄၆၅၈ / ၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာ [email protected] သို့ ဆက်သွယ်မေးမြန်း စာရင်းသွင်းနိုင်ကြောင်း ရန်ကုန် ဗြီတိသျှ သံရုံးက ထုတ်ပြန်သည်။