သတင်းထောက်များ ဖမ်းဆီးခံရမှုနှင့် အစိုးရရုံး ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့မှ သတင်းထောက်များ စုပေါင်းပြီး တရားဝင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံရာ ခွင့်မပြုကြောင်း သိရသည်။ ဧပြီလ ၁၉ ရက်က ပြည်မြို့နယ် ရဲစခန်းတွင် တရားဝင် ဆန္ဒပြခွင့် ရရှိရန် လျှောက်ထားမှုကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုနိုင်ကြောင်း ငြင်းပယ်သည့် အကြောင်းကြားစာကို ဧပြီ ၂၂ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်း မြို့ခံ သတင်းထောက် ကိုရေခဲက ပြော သည်။ ယင်း မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တို့ကို နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ ဌာန များသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ လာမည့် ဧပြီ ၂၅ ရက် မနက် ၈ နာရီမှ စတင်ပြီး ပြည်မြို့ ဗိုလ်ချုပ် ကျောက်ရုပ်မှ စတင်ပြီး မြို့နယ် အထွေထွေ အုပ်ချုပ် ရေး မှူးရုံး၊ မြို့နယ်တရားရုံးနှင့် ပြည်ရွှေဆံတော် ဘုရားတို့တွင် မီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းထောက်များ ဖမ်းဆီးခံရမှု အတွက် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။