• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဘတ်ဂျက် သုံးစွဲမှု ဥပဒေနှင့် မညီဟု ဆို

          by မေခ
          23 April 2014
          in သတင်း
          Reading Time: 1 min read
          A A
          ရန်ကုန်တိုင်းဒေသကြီး အစိုးရ, ၂၀၁၄ - ၂၀၁၅ ဘတ်ဂျက်

          ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမအကြိမ် ဆဋ္ဌမ ပုံမှန်အစည်းအဝေး မြင်ကွင်း (ဓာတ်ပုံ – မေခ / ဧရာဝတီ)

          2.2k
          VIEWS
          Share on FacebookShare on Twitter

          ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ဘဏ္ဍာငွေ အသုံးစရိတ်များ သုံးစွဲမှုသည် ဥပဒေနှင့် ညီညွှတ်ခြင်း မရှိဟု တိုင်းဒေသကြီး လွှတ်တော် အမတ်များက ဆိုသည်။

          “ဘတ်ဂျက်ကို စသုံးတာက ဧပြီ ၁ ရက် ကတည်းက ဒါကို ဧပြီ ၂၃ ရက်မှာ တင်မှာဆိုတော့ ဒီကာလ အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဘယ်လို ဥပဒေမျိုးတွေနဲ့ သုံးသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

          RelatedPosts

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          8 December 2023
          505
          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          8 December 2023
          5.6k
          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          8 December 2023
          3.2k

          အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက တိုင်းဒေသကြီး နည်းဥပဒေ ပြဌာန်းချက် အရ ပြည်ထောင်စု လွှတ်တော်မှ တိုင်းဒေသကြီး သုံးစွဲမည့် ဘတ်ဂျက်ကို အတည်ပြုခြင်း မရှိပါက သာမန် အသုံးစရိတ်များကို ယခင်နှစ်များ အတိုင်း သုံးစွဲနိုင်ကြောင်း ဖော်ပြထားသည့် အတွက် ယခု သုံးစွဲမှုမှာ ဥပဒေနှင့် ညီညွှတ်ကြောင်း ပြောသည်။

          “ဥပဒေတွေက ရှိပြီးသားပါ၊ ဥပဒေချုပ် အကြံပြုချက် ရှိတယ်၊ အချိန်မရွေး မေးလို့ ရတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

          တိုင်းဒေသကြီး နည်းဥပဒေ အရ ပြည်ထောင်စု လွှတ်တော်မှ တိုင်းဒေသကြီး သုံးစွဲမည့် ဘတ်ဂျက်ကို အတည်ပြုခြင်း မရှိပါက သာမန် အသုံးစရိတ်များကို တိုင်းဒေသကြီး အစိုးရက ယခင်နှစ်အတိုင်း သုံးစွဲနိုင်ပြီး အကြီးစား သုံးစွဲမှု ငွေလုံးငွေရင်း အသုံးစရိတ် ကို သုံးစွဲခွင့် မရှိကြောင်း သိရသည်။

          ယင်းသို့ အကြီးစား သုံးစွဲမှု ငွေလုံးငွေရင်း အသုံးစရိတ်ကို သုံးစွဲခွင့် မရှိသော်လည်း ယခုနှစ် သင်္ကြန်ကာလ သုံးစွဲငွေများမှာ ငွေလုံး ငွေရင်း သုံးစွဲမှု အနေဖြင့် သုံးစွဲထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အသုံးပြုမှုသည် ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း လွှတ်တော် အမတ် များက ထောက်ပြ ပြောဆိုသည်။

          “ဒါကတော့ တိုင်းဒေသကြီး အစိုးရကို မေးရမှာပေါ့၊ သူတို့ ဘယ်လိုသုံးလဲ သူတို့ သိမှာပါ၊ ဘာမှ မပြောနိုင်သေးပါဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက ဆိုသည်။

          တိုင်းဒေသကြီး အသုံးစရိတ်ကို ပြည်ထောင်စု လွှတ်တော်မှ မတ်လ ၂၆ ရက်က စတင် သုံးစွဲခွင့် ချပေးထားပြီး ဖြစ်သောကြောင့် တိုင်းဒေသကြီး လွှတ်တော်က လွှတ်တော် အစည်းအဝေးကို အချိန်မီ ခေါ်ယူနိုင်ကြောင်း၊ ယခင် အစည်းအဝေးများတွင် ယင်းသို့ ခေါ်ယူကာ ဘတ်ဂျက်သုံးငွေကို အတည်ပြုလေ့ ရှိကြောင်းလည်း လွှတ်တော် အမတ်များက ပြောဆိုကြသည်။

          “ဧပြီ ၁ ရက် သုံးရမယ့်ငွေကြေးကို ဧပြီလကုန် သတ်မှတ်ရက် ကျော်လွန်ပြီးမှ အစ်မတို့က အတည်ပြုရတယ်၊ ပြောရရင် လွှတ်တော် က အရုပ် သဘောပေါ့၊ အစိုးရ အဖွဲ့က ဒါက ပထမဆုံး နောက်ကျတာပေါ့၊ အရင်က မတ်လထဲ အမြဲ အတည်ပြု ရတယ်၊ ဥပဒေကြမ်းကလည်း နှစ်ဆန်း ၁ ရက်မှ ရောက်တယ်၊ သူတို့က ပေးတဲ့ရက်ကိုကျတော့ ၉ ရက် တပ်ထားတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

          ဘတ်ဂျက် သုံးစွဲငွေ တင်ပြမှုများမှာ တိုင်းဒေသကြီး၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သုံးစွဲမှုပိုင်းတွင် သံသယဖြစ်ဖွယ် အငြင်းပွားဖွယ် သုံးစွဲမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

          “အစိုးရက တိုင်းဒေကြီး သုံးစွဲငွေတွေက တနှစ်ထက် တနှစ် ရှင်းလင်းမှု မရှိတာတော့ မပြောင်းလဲဘူး၊ ခေါင်းစဉ်ပြောင်း သုံးစွဲတာတွေ ရှိတယ်၊ စည်ပင်သာယာရေး အဖွဲ့(နယ်စပ်စည်ပင်)က ရဖို့ငွေတွေ မရတာတွေ ရှိတယ်၊ ဒါတွေက အခုထိ မရှင်းဘူး၊ နောက်မြေ ငှားရမ်းခတွေလည်း အရမ်း နည်းနေတယ်၊ ဒီလောက် မြေဈေးတက်တာမှာ လုံလောက်တဲ့ ငှားရမ်းခတွေ မရတာ ဖြစ် နေ တယ်၊ ဒါတွေက အမြဲ ထောက်ပြနေရဆဲပဲ”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

          ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်  သုံးစွဲမှုမှာ လွှတ်တော်အတွင်း ငြင်းခုံစရာ ရှိနေသေးကြောင်း၊ ယင်းအပြင် တိုင်းဒေသကြီး အစိုးရက လွှတ်တော်ကို လွှမ်းမိုးမှုများကြောင်း လွှတ်တော်အမတ်များအကြား မကြာခဏ ဆိုသကဲ့သို့ ဝေဖန်မှုများ ရှိနေသည်။

          “အခုဘတ်ဂျက်က ရှင်းရှင်း ပြောရရင် ဥပဒေနဲ့ မညီဘူး၊ ဘယ်နိုင်ငံမှလည်း မရှိဘူး၊ ဒီလို မညီတဲ့ ဘတ်ဂျက်ကရော အသက်ဝင်ပါ့ မလားပေါ့၊ နောက်ကြောင်းပြန် သက်ရောက်မှု ဖြစ်နေတယ်၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတာပေါ့၊ ဝန်ကြီးချုပ် အနေနဲ့က အခုချိန်အထိ သူ့ကိုယ်သူ တိုင်းမှူးလို့ မြင်နေပုံ ရတယ်၊ ဘတ်ဂျက် ဥပဒေကို အချိန်မီ မတင်နိုင်တာက ဒီမိုကရေစီ လမ်းကြောင်းမှာမရှိဘဲ အာ ဏာ ရှင်ဆန်ဆန် သုံးနေတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်က ပြောသည်။

          ဘဏ္ဍာနှစ်မှာ ဧပြီ ၁ ရက်တွင် စတင် သက်ရောက်မည် ဖြစ်သော်လည်း ဘတ်ဂျက် သုံးငွေမှာ အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် လက်ရှိတွင် တိုင်းဒေသကြီး အစိုးရ အနေဖြင့် သာမန် အသေးစား သုံးစွဲငွေတွင် သုံးစွဲနေခြင်းများကို ဥပဒေအတိုင်း သုံးစွဲနေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် တဦးက ပြောသည်။

          ယခု ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးကို ဧပြီ ၂၃ ရက်တွင် ပထမနေ့ အဖြစ် စတင်မည် ဖြစ်ပြီး ဘတ်ဂျက် သုံးစွဲမှုကို ပထမဆုံးနေ့တွင် ရှင်လင်းမည် ဖြစ်ကြောင်း သိရသည်။

          ယခုနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လိုငွေမှာ ၆၁ ဘီလီယံ အထိ ရှိလာကြောင်း သိရပြီး တနှစ်လုံး သုံးစွဲငွေအပေါ် ဧပြီ ၂၃ ရက် ကျင်းပမည့် အဋ္ဌမ ပုံမှန် အစည်းအဝေးမှသာ ရှင်းလင်း ပြောကြား အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

          သတ္တမ ပုံမှန်အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ပြုလုပ်ခဲ့ပြီး လွှတ်တော် အစည်းအဝေး မပြုလုပ်နိုင် သည်မှာ လေးလခန့် ကြာမြင့်နေပြီ ဖြစ်သည်။

          Your Thoughts …
          Tags: Rule of Law
          မေခ

          မေခ

          ဧရာဝတီ

          Similar Picks:

          ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

          ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

          by ဧရာဝတီ
          28 August 2014
          17.8k

          မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

          အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

          အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

          by မေစစ်ပိုင်
          7 March 2013
          27.3k

          ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

          ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

          ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

          by မေစစ်ပိုင်
          1 February 2016
          15.7k

          ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

          ခွန်ဆာ

          ကျားထောင်ချောက်နဲ့ ခွန်ဆာ

          by အောင်မြို့
          4 June 2016
          18.9k

          ၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

          ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

          ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

          by မေစစ်ပိုင်
          21 January 2016
          42.1k

          ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

          မုန်းဝန်း, တရုတ်, ရှမ်းပြည်နယ်, တာမိုးညဲ, ကွတ်ခိုင်, နိုင်ငံသားစိစစ်ရေး

          မုန်းဝန်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးသည့်ကိစ္စ၏ နောက်ကွယ်

          by လဝီဝမ်
          1 April 2016
          14.2k

          မုန်းဝန်းတရုတ်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန်အတွက် ဆုံးဖြတ်ချက်မချမီ ရှမ်းခေါင်ဆောင်များနှင့် အစိုးရက တိုင်ပင်ဆွေးနွေးသင့်ကြောင်း ရှမ်းနိုင်ငံရေးသမားများက ပြောဆိုကြသည်

          Next Post
          Artist Htein Lin, ABSDF, Art Exhibition, Tracy Emin, Narrative Art, Community Engagement, ပန်းချီ ထိန်လင်း, Beyound the Itch

          တရွရွ ထိုးဆွနေတဲ့ စေ့ဆော်မှုတွေနဲ့ အနုပညာရှင် ထိန်လင်း

          လူထု သောင်းချီ နှုတ်ဆက်ခဲ့သည့် အစည်ကားဆုံးသော ဟံသာဝတီ ဦးဝင်းတင်၏ နောက်ဆုံး ဈာပန

          လူထု သောင်းချီ နှုတ်ဆက်ခဲ့သည့် အစည်ကားဆုံးသော ဟံသာဝတီ ဦးဝင်းတင်၏ နောက်ဆုံး ဈာပန

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.2k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          23 hours ago
          12k

          Most Read

          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved