ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ယမန်နေ့က ဖမ်းဆီးရမိသည့် မြန်မာနယ်စပ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် ဆက်စပ်နေသည် ဟူသော အမျိုးသမီး တဦးသည် သေဒဏ်ခံရဖွယ် ရှိကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတရပ်၌ ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီးမှာ ရဲတပ်ဖွဲ့က အလိုရှိနေသော Rojana Pongsakkajorn ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက် စပ် နေသည့် ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော် တန်ဖိုးရှိ အခြားပစ္စည်းများလည်း ဖမ်းဆီးရမိကြောင်း၊ ၎င်းနှင့် အတူ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကွင်းဆက်များတွင် ပါဝင်ခဲ့သည့် Ms Suchada မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ရဲတပ်အဖွဲ့က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။