အစိုးရနှင့် TNLA နမ့်ခမ်း၌ တိုက်ပွဲ ထပ်ဖြစ်
This article has been converted from Zawgyi One to Unicode
တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရစစ်တပ်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယမန်နေ့က နှစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။ ယင်း တိုက်ပွဲများသည် ကချင်ပြည်နယ်နှင့် နီးကပ်သည့် နမ့်ခမ်းမြို့ နယ်တွင် ဖြစ် ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ နံနက် ၅ နာရီ ခွဲခန့်တွင် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ တဖန် နံနက် ၁၀ နာရီ ခွဲတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ TNLA တပ်ဖွဲ့များက အစိုးရ စစ်သားများ တင်ဆောင်လာသည့် ယာဉ် ၂ စီးကို အာပီဂျီ လောင်ချာများဖြင့် ပစ်ခတ်သဖြင့် ယာဉ်တစီး တိမ်းမှောက်ကာ စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း၊ အခြား ယာဉ်တစီးမှာ မီးလောက်ကျွမ်း သွားကြောင်း TNLA ပြောရေးဆိုခွင့် ရှိသူ မိုင်အေးကျော်က ဧရာဝတီသို့ ပြောသည်။ ယခုလအတွင်း နမ့်ခမ်း မြို့နယ် အတွင်း ထိတွေ့ မှု အကြိမ် ၂၀ ရှိကြောင်း၊ ဒေသခံများသည် နေအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင် ပုန်းအောင်းနေရကြောင်း သိရသည်။