သတင်းတို

Miss Universe 2014 အလှမယ် ရွေးချယ်ပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ အမျိုးသမီး အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် Miss Universe 2014 အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို လာမည့် ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် လျှောက်လွှာများကို မတ်လ ကတည်းက ခေါ်ယူထားခြင်း ဖြစ်ပြီး မေ ၂၀ ရက်နေ့ နောက်ဆုံးထား လက်ခံသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အလှမယ်များသည် အသက် ၁၈ မှ ၂၆ နှစ်အတွင်း ဖြစ်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ရန် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ Miss Universe ပြိုင်ပွဲကို နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကျင်းပလေ့ရှိပြီး ၂၀၁၄ ခုနှစ်အတွက် ဘရာဇီး သို့မဟုတ် အင်္ဂလန်နိုင်ငံတွင် ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading