သတင်းတို

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ လိုလားကြောင်း သူရ ဦးရွှေမန်း ပြော

This article has been converted from Zawgyi One to Unicode

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကို လိုလားပြီး အသစ်ရေးဆွဲခြင်းကို မလိုလားကြောင်း၊ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်း ပုံကို လောလောဆယ်အားဖြင့် လိုက်နာရမည်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသည်။ အခြေခံ ဥပဒေကို အသစ်ရေးဆွဲမည် ဆိုပါက မလိုလားအပ်သည့် ကိစ္စများ ကြုံတွေ့ ရမည် ဖြစ်ကြောင်း၊ ပြောင်းစရာရှိက ပြောင်းရန်သာ လိုကြောင်း အခြားနိုင်ငံများတွင်လည်း ပြင်ခဲ့ ပြောင်းခဲ့သည်များ ရှိကြောင်း၊ မူဘောင် အတွင်းမှ ဆောင်ရွက်ရန် လိုလားကြောင်း တိုင်းပြည်ကောင်းစားရေး တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ထောက်ခံရမည် ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ၊ အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီများနှင့် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဘများနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြ သည်။

Loading