Human Rights

မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေး မအောင်မြင်နိုင်ဟု အိုဘားမား သတိပေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ မွတ်စလင် ဆန့်ကျင်ရေးဖိနှိပ်မှုတွေရှိနေရင် မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်မှာ မဟုတ်ဘူး လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မြို့တော် ခန်းမမှာ ကျင်းပတဲ့ အာဆီယံ လူငယ်ခေါင်းဆောင် ၁၀၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ အိုဘားမားက အဲဒီလို သတိပေးလိုက်တာဖြစ်ပြီး အဲဒီပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ် ခေါင်းဆောင် ၁၀ ဦး တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက အာရှ ၄ နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့ပြီး တတိယ မြောက်နိုင်ငံအဖြစ် မလေးရှားနိုင်ငံ ရောက်ရှိ နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်အစိုးရက ဦးဆောင်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့အပေါ် အိုဘားမားက ချီးမွမ်း ပြောဆိုပေမယ့် ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်ဆောင်နေချိန်မှာ အတူယှဉ်တွဲ နေထိုင်ရမယ့် ဘာသာမတူ၊ လူမျိုး ကွဲတွေ အကြား ခွဲခြားမှုတွေ ရှိနေတာက အခုအချိန်မှာ အန္တရာယ်ရှိနေပြီလို့လည်း အိုဘားမားက ဆိုပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ရှိနေတာဟာ နိုင်ငံကို မကောင်းတဲ့ လားရာကို ဦးတည်စေတယ် ပြီး မွတ်စလင်တွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေရင် မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အောင်မြင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက သတိပေး ပြောဆိုပါတယ်။

“ လူတွေက လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးစည်းရုံး စရာတခုလို အသုံးချနေပြီဆိုရင် ပဋိပက္ခတွေကို ဖန်တီးတာဖြစ်ပြီး ဒီကိစ္စတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် အလွန်ဆိုးဝါးတဲ့ ဦးတည်ရာကို တွန်းပို့နေတာလည်း ဖြစ်တယ်”လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်က စတင်ပြီး ဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွစ်စလင် တွေ အကြား ပဋိပက္ခတွေမှာ အနည်းဆုံး လူပေါင်း ၂၅၀ လောက်သေဆုံးခဲ့ရပြီး ရာနဲ့ ချီတဲ့ လူတွေလည်း အိုးအိမ်တွေ ဆုံးရှုံး၊ စွန့်ခွာခဲ့ရမှုတွေ ဖြစ်ခဲ့တာကို အဓိက ရည်ရွယ် ပြောဆိုသွားတာလို့ The Nation သတင်းတပုဒ်မှာ ရေးထားပါ တယ်။

မကြာသေးခင်ကလည်း အမေရိကန် လွှတ်တော်အမတ်များက လူမျိုး၊ ဘာသာရေးခွဲခြား၊ ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာ နိုင်ငံအပေါ် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါ ဒအပေါ် ပြန်လည်သုံးသပ်ရေးအတွက် ဖိအားပေး ပြောဆိုမှုတွေ လည်း ပေါ်ထွက်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက အာဆီယံ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှုမှာ လက်ရှိ ကမ္ဘာ့ပြဿနာတွေကို ကြိုးစားဖြေရှင်းကြတဲ့အခါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်အဖြစ် အခိုင်အမာဆက်လက် တည်ရှိမှာဖြစ် တယ်လို့လည်း ကတိပြုသွားပါသေးတယ်။

သမ္မတ အိုဘားမားဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင် လျှာညှိရေးနဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဆုံမှတ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ အာရှ- ပစ္စိဖိတ်ဒေသ၊ အာရှ ၄ နိုင်ငံ ခရီးစဉ်နောက်ဆုံးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံကို ဧပြီလ ၂၈ ရက်နေ့မှာ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading