လူနည်းစု မွတ်စလင်များကို ဖိနှိပ်မှုများ ရှိနေပါက မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်မှုသည် အောင်မြင်နိုင်မည် မဟုတ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက သတိပေးပြောကြားကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ အိုဘားမားက ယမန် နေ့ က အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခြင်း ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် အမေရိကန်က အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အာရှ ၄ နိုင်ငံ ခရီးစဉ် သွားရောက် သည့် အိုဘားမားသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၃ ရက်တာ ရှိနေစဉ်အတွင်း မြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံ က လူငယ် ၁၀၂ ဦးနှင့် မလေးရှား တက္ကသိုလ်တွင် တနာရီခွဲကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို ချီးကျူးသော် လည်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခများသည် အန္တရာယ်ရှိကြောင်း ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။