အိန္ဒိယရေတပ်မှ သင်္ဘောသုံးစင်းသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဧပြီ ၂၇ ရက်မှ ၃ဝ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း သင်္ဘောသုံးစင်းသည် ရန်ကုန် မြို့ သီလဝါဆိပ်ကမ်းတွင် ရပ်နားမည် ဖြစ်ပြီး၊ အိန္ဒိယ ရေတပ် သင်္ဘော Gharial ၊ Sujata နှင့် ကမ်းရိုးတန်းစောင့် သင်္ဘော Varuna တို့ပါဝင်ပြီး အိန္ဒိယ ရေ တပ် နှင့် အိန္ဒိယ ကမ်းရိုးတန်းစောင့် တပ်တို့မှ ဗိုလ်လောင်းအရာရှိ ၁၂၅ ဦး လိုက်ပါလာမည်ဖြစ်သည်။ ရေတပ်သင်္ဘော Gharial သည် အလေးချိန်တန် ၅၆ဝဝ ရှိသော Landing Ship Tank (အကြီးစား) ဖြစ်ကြောင်း၊ ရေတပ်သင်္ဘော Sujata သည် ကမ်းဝေး ကင်းလှည့် သင်္ဘောဖြစ်ကြောင်း၊ ရေတပ်သင်္ဘော Varuna သည် အိန္ဒိယ ကမ်းရိုးတန်းစောင့် တပ်မှ ကမ်းဝေးကင်းလှည့်သင်္ဘောဖြစ် ကြောင်း သိရသည်။ ခရီးစဉ်အတွင်း လိုက်ပါသော အဆင့်မြင့်အရာရှိများသည် မြန်မာနိုင်ငံအုပ်ချုပ်ရေးနှင့် တပ်မတော်မှ အဆင့် မြင့်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ၎င်းတို့သည် အခမဲ့ဆေးကုသပေးခြင်း ပြုလုပ်ပေးမည်ဖြစ်ပြီး ရန်ကုန်နှင့် ပဲခူးမြို့များသို့ လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။