သတင်းတို

လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် တဦး ရုတ်တရက် နာမကျန်းဖြစ်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ၄ ရက်မြောက်နေ့ ယနေ့ ကျင်းပနေစဉ် တပ်မတော်သား ကိုယ်စား လှယ် တဦး ရုတ်တရက် နာမကျန်းဖြစ်သဖြင့် ဆေးရုံပို့ ကုသခံယူနေရကြောင်း သိရသည်။ နံနက် ၁၀ နာခွဲ အချိန်တွင် တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းထွန်းအောင်သည် ရေအိမ်သို့ သွားစဉ် အာရုံကြော ဝေဒနာ ခံစားရပြီး ရုတ်တရက် မူးလဲကျသွားကြောင်း၊ ၎င်းအား အမှတ် ၂ စစ်ဆေးရုံသို့ ပို့၍ ဆေးကုသမှု ခံယူနေရပြီး ယခုအချိန်အထိ သတိမရသေးကြောင်း ဧရာဝတီ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Loading