ချင်းပြည်နယ်တွင် ရေအား လျှပ်စစ်စက်ရုံ စီမံကိန်း ၁၁ ခု ၂၀၁၅ တွင် ထပ်မံ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရ သည်။ ဓာတ်အား ၇၅၀၀ ကီလိုဝပ် ထွက်ရှိမည့် ယင်း စီမံကိန်း ၁၁ ခု မှာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် စသည့် မြို့နယ်များတွင် တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခု ရေအားလျှပ် စစ်စီမံကိန်း ၁၁ ခု ပြီးစီးပါက ချင်းပြည်နယ်တွင် ရေအား လျှပ်စစ် စက်ရုံ ၃၀ ကျော် ရှိလာမည် ဖြစ်ကြောင်း၊ ချင်းပြည်နယ် တဝန်းလုံး အတွက် လျှပ် စစ်ဓာတ်အား လိုအပ်ချက်မှာ ၃ ဒသမ ၈၉၇ မဂ္ဂါဝပ် ဖြစ်ပြီး လက်ရှိ အမှန်တကယ် ဓာတ်အားပေးနိုင်မှုမှာ ၂ ဒသမ ၅၀၆ မဂ္ဂါဝပ် ဖြစ်ကြောင်း၊ ဓာတ်အား ထပ်မံ လိုအပ်မှုမှာ ၁ ဒသမ ၃၉၁ မဂ္ဂါဝပ် ဖြစ်ကြောင်း မြန်မာ့ အလင်း သတင်းစာ၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။