ရခိုင်ပြည်နယ် အရေးသည် ဒေသတွင်း အရေး ဖြစ်ကြောင်း ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။ ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၂/၂၀၁၄) တွင် ရခိုင်ပြည်နယ် အရေးအခင်းသည် ရခိုင်ပြည်နယ် တခုတည်း၏ အရေးကိစ္စ မဟုတ်ဘဲ ကုလသမဂ္ဂ မျက်နှာစာ၊ ဂျနီဗာ မျက်နှာစာ၊ OIC မိတ်ဖက်နိုင်ငံများတွင် သာမက အာဆီယံ ဒေသတွင်းနှင့် မိမိတို့ နိုင်ငံ၏ ရှေ့လုပ် ငန်း စဉ်များကို ထိခိုက်စေသည့် အရေးအခင်း ဖြစ်သည့် အတွက် ကော်မတီအနေနှင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ရန် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တိုက်တွန်းလိုက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။